Chapter 37.1

913 147 4
                                    

  ထိုနေ့မှစ၍ လော့ကျန်းချင်သည် စတင်၍တံခါးပိတ်ကျင့်ကြံခဲ့ပြီး သူ၏မူလဝိညာဉ်အား ဂရုစိုက်ပြုစုနေခဲ့သည်။

  ချင်ကျွင်းမှာ ဆေးလုံးပုံစံအတိုင်းဆက်ရှိနေပြီး လော့ကျန်းချင်၏သိုလှောင်လက်စွပ်အတွင်း တိတ်ဆိတ်စွာနေ,နေ၏။ ကုသမှုမှာ သူ၏ဆေးလုံးစွမ်းအင်အား များစွာကုန်ဆုံးသွားစေသည်။ကောင်းမွန်စွာအနားယူရန်လိုအပ်သဖြင့် သူသည် လော့ကျန်းချင်အား မအိပ်ခင်အကြောင်းကြားခဲ့သည်။ သို့မဟုတ်ပါက လော့ကျန်းချင်မှာ သူ့အား သေချာပေါက်စိတ်ပူနေပေလိမ့်မည်။

  ရုတ်တရက်ကြီး ယွီရှောင်းတောင်ထွဋ်၌ လော့ကျန်းချင်နှင့်မော့ချိုးတို့နှစ်ယောက်သာလျှင် ကျန်တော့သည်။

   ထိုအတောအတွင်းတွင်‌ လော့ကျန်းချင်သည် သူ၏စိတ်‌ဓာတ်ကျဆင်းနေမှုအား သက်သာစေရန်အလို့ငှာ ဓားရေးအားဆက်လက်ကျင့်နေခဲ့သည်။ အကြီးအကဲဟောင်ရှင်းကျီမှာ ယွီရှောင်းတောင်ထွဋ်သို့လာ၍ ပြိုင်ပွဲအတွက်ပြင်ဆင်ရန်လာပြောသည့်အချိန်အထိဖြစ်ပြီး ထိုအချိန်မှသာ လော့ကျန်းချင်သည် နောက်ဆုံးတွင် သူ့၏ပုံမှန်စိတ်အခြေအနေသို့ပြန်ရောက်သွားလေသည်။

   တောင်ထွဋ်စုံညီပြိုင်ပွဲ မကျင်းပခင်တစ်ရက်အလိုတွင် ကျောယွင်မော့သည် ယခုနှစ်ပြိုင်ပွဲ၏ လုပ်ထုံးလုပ်နည်းများကိုပြောပြရန် ယွီရှောင်းတောင်ထွဋ်သို့လာခဲ့သည်။

   ချင်းယွင်ဓားအား ခါးတွင်ချိတ်လျက် ခါတိုင်းလိုပင်  အဝါဖျော့ဖျော့၀တ်စုံအား၀တ်ဆင်ထားပြီး ကျောယွင်မော့သည် သိမ်မွေ့စွာပြုံးနေလေသည်။"အရင်နှစ်ပြိုင်ပွဲတွေလိုပဲ..ဒီနှစ်လည်း ချီစုစည်းခြင်းအဆင့်တပည့်တွေနဲ့ အခြေတည်ဖြစ်တည်ခြင်းအဆင့်တပည့်တွေရဲ့ ကြားကပြိုင်ပွဲကို ကြည့်ချင်လားမကြည့်ချင်ဘူးလားဆိုတာ ဆုံးဖြတ်နိုင်တယ်..ဒီနှစ်တော့ မင်းက ထိုက်ဟွားတောင်ရဲ့တပည့်တွေအားလုံးထဲမှာ ဝိညာဉ်အခြေတည်အဆင့်ကိုရောက်တဲ့ တစ်တည်း‌သောသူပဲ .. ဒါကြောင့် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်ကတပည့်တွေနဲ့ ပြိုင်ဖို့မလိုဘူး"

  လော့ကျန်းချင်သည် အသာအယာခေါင်းညိတ်လိုက်သည်။ "အစ်ကိုကြီး..အရင်တစ်ခေါက်က မင်းအဆင့်တက်သွားပြီလို့ပြောပြီး ငါ့ကိုမင်းရဲ့ လေ့ကျင့်ရေးယှဉ်ပြိုင်ဘက်အဖြစ်လုပ်ပေးဖို့ မေးခဲ့တယ်နော် ..မင်းဘယ်တော့လောက်အားမလဲ"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now