Chapter 40.2

687 111 3
                                    

သူတို့ကြားတွင်မျက်နှာကျက်လေးတစ်ခုသာခြားထားသည်။ လီရှို့ချန်းသည် ကျင့်ကြံသည်ဆိုသည်မှာ ရှားပါးလှကာ သူ့အချိန်အများစုအား ရေချိုးကန်ထဲ ရေစိမ်နေခြင်း၊ သို့မဟုတ်ပါက လမ်းထဲလျှောက်လည်နေခြင်းဖြင့် ကုန်ဆုံးလေ့ရှိသည်။ သူသည် ယွင်ရှန််းမှာ တည်းခိုခန်းသို့ရောက်လာပြီဖြစ်ကြောင်းနှင့် အပေါ်ထပ်တွင်နေကာ သူမအခန်းပတ်လည်တွင် အကာအကွယ်စည်းချထားသည်ကို သိရှိခြင်းမရှိသေးပေ။

အကာအကွယ်စည်းမှာ တကယ့်ပင် အားကောင်းလှသည်။ လော့ကျန်းချင်ပင် ယွင်ရှန်းမသိစေဘဲ အကာအကွယ်စည်းအား မချိုးဖျက်နိုင်ခဲ့ချေ။ သို့သော်လည်း အကာအကွယ်စည်းထဲ၌ ယွင်ရှန်းဘာလုပ်နေသည်ကို လော့ကျန်းချင်မှာ အတိအကျသိလေသည်။

'အမတလမ်းစဉ်အား ရှာဖွေခြင်း (၂)' ထဲတွင် ယွင်ရှန်းသည် ယွင်ပြည်နယ်အပြင်ဘက်ရှိ မြစ်ကမ်းနံဘေးတွင် မှော်ဝင်မိစ္ဆာပစ္စည်းတစ်ခုအား ရှာတွေ့ခဲ့သည်။ ထိုအရာတွင် ဧရာမအငြိုးအတေးချီစွမ်းအင်များပါဝင်လေသည်။ ၎င်းအား အောင်မြင်စွာသန့်စင်နိုင်ပါက သေချာပေါက် ကောင်းကင်အဆင့်မှော်ဝင်ရတနာတစ်ခုဖြစ်လာမည်ဖြစ်သည်။

လမ်းတွင်လူများဖြင့် ပျာပန်းခပ်လှုပ်ရှားသက်ဝင်နေ၏။ ထိုသို့ဗရမ်းဗတာဖြစ်နေခြင်းသည် ယွင်ရှန်းတစ်ယောက်အလွန်ယုံကြည်မှုရှိသည့် သူမ၏ အကာအကွယ်စည်းအတွက် ပြည့်စုံသောဖုံးကွယ်မှုတစ်ခုဖြစ်ချေ၏။ ယင်းမှာ မိစ္ဆာအရှင်မှ သူမအားပေးအပ်ထားသည့် မှော်ဝင်လက်နက်တစ်ခုဖြစ်ပြီး ထိုအရာကြောင့် သူမသည် ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်အောက်ရှိ ကျင့်ကြံသူများမှာ အကာအကွယ်စည်းအားချိုးဖျက်ရန် အခွင့်အရေးလုံးဝမရှိသည်ကို သေချာနေခြင်းဖြစ်သည်။ ဤသည်မှာ သူမသည် ဘာကြောင့် မိစ္ဆာနန်းတော်သို့ပြန်ရောက်သည်အထိ စောင့်ရမည့်အစား ယွင်ပြည်နယ်ထဲတွင် ထိုအရာအားသန့်စင်ဖို့ဆုံးဖြတ်လိုက်ရသည့်အကြောင်းအရင်းဖြစ်သည်။

လီရှို့ချန်ူသည် စားပွဲထိုးအား ရေချိုးကန်အတွက်အဆက်မပြတ် တောင်းဆိုနေပြီး ကျင့်ကြံခြင်းအားလုံးဝ မပြုလုပ်ပေ။ သူ့အခန်း၏အပေါ်တည့်တည့်တွင်တော့ ယွင်ရှန်းသည် အကာအကွယ်စည်း၏နောက်ဆုံးအလွှာအား ဂရုတစိုက်ပြုလုပ်လိုက်သည်။ သူတို့ရှိနေသည့်တည်းခိုခန်းဘေးရှိ အပ်ချုပ်ဆိုင်တွင် လော့ကျန်းချင်၏ခန္ဓာကိုယ်မှာ နဝမကောင်းကင်ဘုံလမ်းစဉ်အား အလိုအလျောက်ကျင့်ကြံနေပြီး သဘာဝနိယာမ၏လှုံ့ဆော်မှုကိုခံရကာ ကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအားများ သိမ်းပိုက်နေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now