Chapter 23.1

884 146 5
                                    

   လျို့ယန်တောင်ကြားသည် ချင်းကျိုးမြောက်ပိုင်းတွင်ရှိပြီး ကျယ်ပြောသောနယ်မြေ၏ ဆယ်ပုံတစ်ပုံအား နေရာယူထားလေသည်။ကမ္ဘာမြေအဆင့်ပျံသန်းရေးကိရိယာဖြင့်ပင် လျို့ယန်တောင်ကြားတလျှောက်လုံးပျံသန်းရန်မှာ အနည်းဆုံး ဆယ်ရက်တာကြာမြင့်မည်ဖြစ်ပြီး တောင်ကြားအပြင်ဘက်၌တစ်နေ့လုံး လမ်းလျှောက်နေမည်ဆိုတောင်မှ လူရိပ်လူခြေတစ်ခုမျှပင် တွေ့ရှိနိုင်ရန်ခဲယဉ်းလှသည်။

  လော့ကျန်းချင်သည် တောင်ကြားအတွင်းသို့ မ၀င်ရောက်မီကပင် တပည့်များအား တည်နေရာတစ်ခုပြောထားခဲ့ပြီး နောက်ဆုံး၌ အတူတကွစုဝေးနိုင်ရန်လူတိုင်းအား ထိုနေရာသို့သွားရမည်ဖြစ်ကြောင်းအလေးပေးပြောဆိုထားသည်။အကယ်၍ သူတို့ထဲမှတစ်ယောက်က မနာခံခဲ့လျှင် ပြစ်မှုကျူးလွန်သူသည် ပြင်းထန်သောအပြစ်အားခံယူရမည်ဖြစ်ကာ သတိပေးခြင်းကျောင်းဆောင်၍ အပိတ်ခံရမည်ဖြစ်ပြီး အဆိုးဆုံးအနေဖြင့် ထိုက်ဟွားတောင်မှ နှင်ထုတ်ခံရမည်ဖြစ်၏။

  လော့ကျန်းချင်သည် စုရပ်သို့ပထမဆုံးရောက်ရှိလာပြီး‌နောက် ဝေ့ချုံးယင်အား နေ့တစ်၀က်ခန့်စောင့်ဆိုင်းလိုက်ရသည်။

  သုံးရက်အတွင်း မသာမယာမျက်နှာနှင့် လီရှို့ချန်းအပါအ၀င် တပည့်အားလုံးရောက်ရှိလာကြသည်။

  လော့ကျန်းချင်သည် လီရှို့ချန်း၏မျက်နှာအား တစ်ချက်ကြည့်ပြီးနောက် အားလုံးထံအကြည့်ပြန်လွဲလိုက်ကာ ပြောလိုက်သည်။ "ဒီတစ်ခါ လျို့ယန်တောင်ကြားကိုလာတဲ့သူတွေထဲမှာ ထိုက်ဟွားတောင်က အားလုံးပေါင်း ကိုးယောက်ပဲရှိတယ်။ ငါသိတဲ့အတိုင်းဆိုရင် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်ကိုရောက်ပြီးတဲ့သူတွေက ဆယ်ယောက်ရှိတယ်၊ အထူးသဖြင့် သွမ့်ဟွမ်ဂိုဏ်းကတပည့်တွေပဲ၊ ယန်စုက ဝိညာဉ်အခြေတည်အဆင့်တစ်၀က်ကိုတောင်ရောက်နေပြီ၊ ဒါကြောင့်မလို့ ချီဖြစ်တည်ခြင်းအဆင့်တပည့်တွေက အန္တရာယ်တွေကို သေချာလေးအာရုံစိုက်ထားပြီးတော့ မင်းတို့ရဲ့ အခွင့်အလမ်းတွေကို ကိုယ်တိုင်ရှာဖွေရမယ်၊ ချီစုစည်းခြင်းအဆင့်ကတပည့်တွေအတွက်တော့..."

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now