Chapter 21.1

940 173 3
                                    

ဓားတစ်လက်ဖြင့် နွေဦးနှင့်ဆောင်းဦးအား သိမ်းယူခြင်း (၁)
              ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

   လော့ကျန်းချင်၏ ပထမဆုံးတိုက်ပွဲသည် အမွှေးတိုင်တစ်တိုင်စာသာကြာမြင့်ခဲ့လေသည်။

  မုထျန်းရှင်းသည် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်ရှိသူဖြစ်၏။ သူမသည် ထိုက်ဟွားတောင်၏ တပည့်ကြီးခုနစ်ယောက်ထဲမှ တစ်ယောက်အပါအ၀င်ဖြစ်သော်လည်း ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်တပည့်များအားလုံးကြားတွင် အဆင့်ကိုးတွင်ရပ်တည်နေသူဖြစ်သောကြောင့် သူမသည် အရမ်းအားမကောင်းပေ။ဂိုဏ်းပေါင်းစုံရှိလူများကြည့်နေသော ပြိုင်ပွဲတွင် မည်သူမှ ပြီးစလွယ်မလုပ်ကြပေ။ယခုပွဲစဉ်တွင် မုထျန်းရှင်းသည် လော့ကျန်းချင်နှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်သည်။ သူမ၏ မှော်၀င်လက်နက်အားလုံးနဲ့ သက်စောင့်ဆေးလုံးများအားလုံးကို အသုံးပြုကာ ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း လော့ကျန်းချင်အား အနည်းငယ်မျှပင် မထိခိုက်စေနိုင်ခဲ့ချေ။

  ထိုက်ဟွားတောင်၏ တပည့်ခုနစ်ယောက်ကြားတွင်ပင် ခွန်အားကွာခြားမှုသည် ထိုမျှအထိ ကြီးမားပေသည်။

  တိုက်ပွဲပြီးသွားသောအခါ မုထျန်းရှင်းသည် လော့ကျန်းချင်၏ အင်္ကျီလက်အားဆွဲ၍ အသံတိုးတိုးဖြင့်မကျေမနပ်ပြောလာလေသည်။

  "အစ်ကိုကြီးက ညီမလေးကို နည်းနည်းလေးတောင် မသက်ညှာပေးဘူး"

  လော့ကျန်းချင်သည် ကူကယ်ရာမဲ့စွာဖြင့်ပြန်လည်ပြောလာသည်။ "ညီမလေး၊ ငါ မင်းရဲ့ မိုးကြိုးမှော်၀င်လက်နက်ကို ထုတ်ဖို့အချိန်ပေးထားပြီးပြီကို ဘယ်လိုထပ်ပြီး သက်ညှာပေးစေချင်နေသေးတာလဲ" လော့ကျန်းချင်သည် တိုက်ပွဲအား ထိုထက်တိုတောင်းသောအချိန်ကာလအတွင်း၌ အဆုံးသတ်နိုင်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့၏။ သူ့ဂိုဏ်းတူညီမလေးရဲ့ မျက်နှာအဖတ်ဆယ်နိုင်ရန် သူသည် မုထျန်းရှင်းအား လုပ်ကွက်အလုံအလောက်ရအောင် ခက်ခက်ခဲခဲကြိုးစားပေးခဲ့ပြီးဖြစ်သည်။

  မုထျန်းရှင်းသည် စိတ်ပျက်သွားပြီး နှုတ်ခမ်းစူလိုက်ကာ လော့ကျန်းချင်အား ထပ်မမြင်ရရန် နောက်သို့လှည့်လိုက်သည်။အမှန်တစ်ကယ် စိတ်ဆိုးသွားသည်ထင်။ သို့သော် လော့ကျန်းချင် စင်မြင့်ပေါ်သို့ ဒုတိယအကြိမ်ပြန်တက်ချိန်တွင် သူမ၏သိုလှောင်လက်စွပ်အတွင်းမှ ဆေးလုံးများအားယူထုတ်ကာ လော့ကျန်းချင်လက်အတွင်းသို့ထည့်ပေး၍ တိုးညင်းစွာပြောလာသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now