Chapter 42.3

578 100 10
                                    

ချင်ကျွင်းသည် သူ့အားပြော၏။ " မင်းဘာပြောချင်လဲဆိုတာကိုသိတယ်.. ‌လေးယောက်မြောက်အကြီးအကဲက သန့်စင်တဲ့နယ်မြေကိုရောက်သွားခဲ့တယ်ဆိုရင် ဘာလို့သူ့အရိုးတွေကကျန်နေသေးတာလဲ ? ဒါပေမဲ့ ငါသိထားတာတော့ နှစ်ပေါင်းသောင်းချီအတွင်းကျင့်ကြံသူ‌တွေ မသေမျိုးနတ်ဘုရားအဖြစ် တစ်ယောက်မှတက်ရောက်နိုင်တာမရှိခဲ့ဘူးညတစ်ယောက်လေးတောင်မှပဲ.. မင်းက ကြီးမားတဲ့ဉာဏ်ပညာနဲ့မွေးဖွားလာပြီး ဆဠမအာရုံရဲ့အခြေခံတွေထဲက ငါးပါးကိုရှင်းလင်းသိမြင်ထားပြီးပြီ ၊ တကယ်လို့ မင်းဘဝရဲ့တစ်ခုတည်းသော ကပ်ဘေးဒုက္ခကိုကျော်လွန်နိုင်ရင်တော့ ပြီးခဲ့တဲ့ နှစ်ပေါင်းသောင်းချီအတွင်း သန့်စင်တဲ့နယ်မြေကို ရောက်ရှိနိုင်တဲ့ ပထမဆုံးဗုဒ္ဓကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ် "

ဖိုကျစ်သည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်ပြီး " ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "

ချင်ကျွင်းသည် သူ့လက်အားဝေ့ယမ်းကာညထိုင်ချလိုက်ပြီး ကိုယ်တိုင်လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်သည်။

ဖိုကျစ်သည်လောကျန်းချင်အား ထိုသို့ခြိမ်းခြောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်အား ဘယ်နေရာကရလာသလဲဟု မမေးလိုက်။ ထို့အစား သူ့အတွေးထဲတွင်သာနစ်မြောနေ၏။ လေလံဆွဲစရာ ရတနာအမျိုးအစား အနည်းငယ်သာကျန်ရှိတော့ပြီး လေလံပွဲမှာ ပြီးဆုံးတော့မည်ဖြစ်သည်။ လော့ကျန်းချင်သည် သူ့သူငယ်ချင်းအားမေးလိုက်သည်။ " ဖိုကျစ် .. ချင်ကျွင်းက မင်း ကပ်ဘေးဒုက္ခကို ကျော်ဖြတ်ဖို့လိုတယ်လို့ ပြောလိုက်တာလား ? "

" အမှန်ပဲ .. လွန်ခဲ့တဲ့ကိုးနှစ်က ငါ့ကံကြမ္မာက တစ်ညတည်းနဲ့ ရုတ်တရက်ပြောင်းလဲသွားခဲ့တယ်၊ အဲ့တုန်းက ငါ အခြေခံအာရုံခြောက်ပါးလုံး ရှင်းလင်းသိမြင်ထားပြီးပြီ ဒါပေမဲ့ နောက်နေ့ကျတော့ ငါ့ဆရာက ငါ့ဆီ ကပ်ဘေးဒုက္ခကျရောက်လာမှာကို ကြိုမြင်ခဲ့တယ် .. ဒါပေမဲ့လည်း ငါကတော့ ဒါကိုဆိုးတဲ့အရာတစ်ခုလို့မမြင်ပါဘူး .. ကပ်ဘေးဒုက္ခကိုမဖြတ်ကျော်ဘဲနဲ့တော့ (ထောင်လွှားတတ်တဲ့သေမျိုး‌‌ေတွရဲ့)ကျယ်ပြန့်တဲ့ပင်လယ်ပြင်လို ထောင်လွှားဝင့်ဝါတတ်တဲ့ သေမျိုးလောကကို ကူးတို့ကူးဖို့ ငါ့အတွက်မဖြစ်နိုင်ဘူး .. သမုဒ္ဒရာကိုဖြတ်သန်းတဲ့အခါ မင်းရဲ့လှေက ရေပြင်ကိုတောင်မထိဘဲနဲ့တော့မရနိုင်ဘူးလေ..ဒါကြောင့် ငါတော့ဒါကို ပြဿနာကြီးတစ်ခုလို့ မမှတ်ယူထားဘူး "

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now