Chapter 36.3

974 160 7
                                    

  သူသည် နွေးထွေးကျယ်ပြန့်သောရင်ခွင်အတွင်း ဆွဲသွင်းခံလိုက်ရသည်။ကြာပန်းရနံ့‌ဖျော့ဖျော့သည် လုံး၀ထိတ်လန့်တုန်လှုပ်နေသော လော့ကျန်းချင်အား ၀န်းရံထား၏။သူ့ဦးနှောက်မှာဗလာဖြစ်သွားပြီး အခန်းထဲသို့ဆွဲခေါ်ခံလိုက်ရသည်ကိုသာ‌သိ‌တော့သည်။ထို့နောက် သူ့ရှစ်စွင်းသည် သူ့အားလွှတ်ပေးလိုက်ပြီး မထိန်းနိုင်သောကြောက်ရွံ့မှုများစွက်နေသည့်အသံဖြင့် သူ့အားမေးလာသည်။ "မင်းဒဏ်ရာရသွားလား? အသက်အန္တရာယ်ခြိမ်းခြောက်မှုဟုတ်လား? ကျန်းချင်..ရှစ်စွင်းကိုပြောပါဦး.. ဘာဖြစ်ခဲ့တာလဲ"

  လော့ကျန်းချင်သည် ရွှမ်လင်းကျီအားတင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ရာ ရွှမ်လင်းကျီမှာ ကြက်သေသေလျက် သူ့လက်အားဘယ်နေရာတွင် ထားလို့ထားရမယ်မသိဖြစ်သွားသည်။

   သူ့တပည့်အားအရမ်းစိုးရိမ်နေသဖြင့် တံခါးဖွင့်ကာ လော့ကျန်းချင်အားအထဲသို့၀င်ခွင့်ပေးလိုက်သည်ကို သဘောပေါက်သွားသည့်အချိန်ထိပင်။

  ရွှမ်လင်းကျီသည် လော့ကျန်းချင်အားအဝေးသို့တွန်းထုတ်ရန်လုပ်သော်လည်း လော့ကျန်းချင်မှာ သူ့အားသွားခွင့်မပေးချေ။ သူသည် ဝိညာဉ်စွမ်းအားကိုသုံး၍ အားပိုထည့်လိုက်သည်။သို့‌သော် သူ့လက်ဖျားထိပ်များ လော့ကျန်းချင်၏လက်မောင်းကိုထိသွားချိန်တွင် လော့ကျန်းချင်၏ လှောင်ရယ်သံကိုကြားလိုက်ရသည်။ " ဝူယင်း.. မင်းငါ့ကို တကယ်ကိုသဘောကျနေတာ"

  ရွှမ်လင်းကျီသည် အေးခဲသွား၏။သူ့လည်ချောင်းမှာ အလွန်အမင်းခြောက်ကပ်နေပြီး စကားတစ်ခွန်းမှမဆိုနိုင်ခဲ့ပေ။

  လော့ကျန်းချင်သည် သူ့အားကြည့်လိုက်သည်။ ညို့ငင်ဖမ်းစားနိုင်သော သူ့မျက်လုံးများထဲ၌ ပျော်ရွှင်မှုတို့တလက်လက်တောက်ပနေသည်။ ကြက်သေသေလျက်ရှိသည့် သူ့ရဲ့ကြော့ရှင်းရည်မွန်သောရှစ်စွင်းအားစိုက်ကြည့်နေပြီး ရွှေရောင်နေမင်းကောင်းကင် လွှမ်းမိုးခြင်းနဂါးဆီမှ သတ်ခံရခါနီး သူ့ခေါင်းထဲ၌ပြည့်နေခဲ့သောအတွေးများကို ပြန်တွေးမိသည်။ သူသည် ကလဲ့စားချေရန်အတွက် လီရှို့ချန်းကိုမသတ်ခဲ့ရသည်ကိုနောင်တမရသလို ရွှမ်လင်းကျီအားအတိတ်ဘ၀ကဘာကြောင့် လီရှို့ချန်းကို ရွှမ်လင်းဓားပေးခဲ့ရသည်ကို မမေးခဲ့ရသည်ကိုလည်းနောင်တမရချေ။ထို့အစား...

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now