Chapter 17

1.1K 201 3
                                    

   ပြင်ပလောကရှိ ကျင့်ကြံသူများသည် ထိုက်ဟွားတောင်၏ အမွေဆက်ခံသူတပည့်ခုနစ်‌ယောက်အား "ထိုက်ဟွား၏ ရင်သွေးငယ်ခုနစ်ယောက်"ဟုခေါ်ဆိုကြလေသည်။

  ထိုခုနစ်ယောက်သည် ထိုက်ဟွားတောင်၏ ရှည်လျားသော သမိုင်းတစ်လျှောက်တွင် အထူးချွန်ဆုံးတပည့်များဖြစ်ကြသည်။မှော်ဆေးလုံးသန့်စင်ရာတွင် ကျွမ်းကျင်၍ ကျင့်ကြံဆင့်အနည်းငယ်ကွာခြားသည့် ဂိုဏ်းတူညီမလေး မုထျန်းရှင်းမှလွဲ၍ ကျန်ခြောက်ယောက်သည် တပည့်တစ်ရာနီးပါးတွင် အမြုတေဖွဲ့စည်းကာ ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်အား အလျင်မြန်ဆုံးရောက်ရှိခဲ့ကြသူများဖြစ်၏။သူတို့သည် ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌  အမြဲတစေအဆင့်ကောင်းကာ ကျဆုံးသည့်အချိန်မရှိပေ။

  ကျင့်ကြံသူတစ်ယောက်အတွက် အသက်အရွယ်အပိုင်းအခြားသည် တင်္ဒဂမျှသာဖြစ်သည်။လော့ကျန်းချင်သည် ရွှေအမြုတေအားမဖွဲ့စည်းမီတွင် ဂိုဏ်းတူညီလေးတစ်ယောက်သာဖြစ်ခဲ့လေသည်။သို့သော် ထိုက်ဟွားတောင်တွင် အစဉ်အလာတစ်ခုရှိပြီး ရွှေအမြုတေအားဖြစ်တည်စေနိုင်သူများသည် "ထိုက်ဟွားတောင်၏ ဂုဏ်သတင်းအားမကျဆင်းစေဘဲ တစ်မိုးအောက်ရှိမည်သည့်နေရာမဆို လှည့်လည်သွားလာနိုင်သည်"ဟု အဆိုရှိလေသည်။သို့ဖြစ်၍ တိုက်ရိုက်တပည့်များကြား၌ ရွှေအမြုတေအား ပထမဆုံးဖွဲ့စည်းနိုင်သူသည် ဂိုဏ်းတူအစ်ကိုကြီးဖြစ်လာမည်ဖြစ်သည်။

  ကျောယွင်မော့သည် လော့ကျန်းချင်ထက် အသက်ကြီးသော်လည်း ရွှေအမြုတေအား တစ်နှစ်နောက်ကျပြီးမှ ဖွဲ့စည်းနိုင်ခဲ့သဖြင့် ဒုတိယနေရာတွင် ရောက်ရှိနေခြင်းဖြစ်သည်။

  လော့ကျန်းချင်သည် ပြန်လည်မွေးဖွားပြီးနောက် ကျောယွင်မော့အား ပထမဆုံးတွေ့ရခြင်းဖြစ်သည်။

  သူ၏ ဒုတိယဂိုဏ်းတူညီလေးနှင့် တတိယဂိုဏ်းတူညီမလေးတို့သည် ထိုအချိန်တုန်းက ကျင့်ကြံခြင်းအား အရူးအမူးနှစ်သက်ကြသူများဖြစ်သည်။ကျောယွင်မော့သည် ခမ်းရွှမ်တောင်၏ အရေးကိစ္စများအား ကိုင်တွယ်ရချိန်မှလွဲ၍ ကျန်အချိန်များအားလုံးအား တံခါးပိတ်ကျင့်ကြံ၍ ကုန်ဆုံးရန်ဆန္ဒရှိသူဖြစ်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now