Chapter 31.1 + 31.2

1.2K 167 13
                                    

    ကျင့်ကြံသူများ၏ ဇွဲလုံ့လ၊သတိတရားနှင့် စိတ်စွမ်းအားတို့မှာ ဝိညာဉ်စွမ်းအားအခြေခံတည်ဆောက်ပုံထက် ပို၍အရေးကြီးသည်အား လောကရှိကျင့်ကြံသူအားလုံးသိရှိကြပေ၏။ထိုအရာအားလုံးမှာ မရှိမဖြစ်လိုအပ်လှပေသည်။အကယ်၍ ဝိညာဉ်စွမ်းအားအခြေခံမှာမြင့်မားခြင်းမရှိတောင်မှ ထိုအရာသုံးခုရှိပါက ထိပ်တန်းကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်သေးသည်ပင်။လွန်ခဲ့သောနှစ်ရာပေါင်းများစွာက မိစ္ဆာအရှင်လေးယောက်သည် ရွှမ်လင်းကျီအားထိုက်ဟွားတောင်မှ ထွက်ခွာခြင်းမပြုကြောင်းပါသည့်သဘောတူညီချက်တစ်ခုကို ရွှမ်လင်းကျီနှင့်ချုပ်ဆိုခဲ့ကြသည်။

  ကျင့်ကြံသူများက ထိုအကြောင်းအရာအားသိပါက ကမောက်ကမဖြစ်သွားစေလိမ့်မည်ဖြစ်ကာ မဟာယနအဆင့်နှင့်အထက်ရှိကျင့်ကြံသူများမှလွဲ၍ လော့ကျန်းချင်တစ်ယောက်သာလျှင် ထိုသဘောတူညီချက်အားသိရှိလေသည်။ရွှမ်လင်းကျီသည် အကောင်းမွန်ဆုံးသော ဝိညာဉ်စွမ်းအားတည်ဆောက်ပုံဖြင့်မွေးဖွားလာပြီး အမတအဖြစ်တက်လှမ်းခြင်းအဆင့်သို့ရောက်ရန် နှစ်သုံးရာသာအချိန်ယူခဲ့ရပေ၏။သူသည် ရှေးယခင်ခေတ်အခါက ကျင့်ကြံသူများအဆင့်အား အထိုက်အလျောက်ကျော်လွန်နိုင်ခဲ့ပါချေ၏။

  သို့ပေသိ ထိုသည်က ရွှမ်လင်းကျီမှာအခွင့်အရေးအပေးခံရခြင်းမရှိဟု မဆိုလို..။

  သူငယ်ရွယ်စဉ်က မျိုးနွယ်စုနှစ်ခုကြားရှိမရေမတွက်နိုင်သော စစ်ပွဲများတွင်ပါ၀င်ခဲ့ပြီး အန္တရာယ်များလှသည့်နေရာမျိုးစုံအား ရောက်ရှိခဲ့လေသည်။ကပ်ဘေးဒုက္ခ‌ကျော်လွန်ခြင်းအဆင့်တွင် ရွှမ်လင်းကျီသည် ၀မ်ရှို့တောင်တန်း၌ န၀မအဆင့်မိစ္ဆာသားရဲတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ရသည်။ရွှမ်လင်းကျီတွင် အခွင့်အရေးအများအပြားရရှိခဲ့သည်။သူသည်‌ သေဆုံးခြင်းသို့လက်တစ်ကမ်းအလိုသို့ရောက်ချိန်တိုင်း ကြီးမားလှသည့်အခွင့်ထူး ဒါမှမဟုတ် လွတ်မြောက်ရန်အခွင့်အရေးတစ်ခုအား မကြာခဏဆိုသလိုရရှိတတ်လေသည်။ဘုရားသခင်၏ကောင်းချီပေးမှုကိုခံယူရသလိုမျိုး သူသည် နှစ်သုံးရာအတွင်း အမတအဖြစ်တက်လှမ်းခြင်းအဆင့်အားရောက်ရှိခဲ့ပြီး လောကတစ်ခွင်ကိုတုန်လှုပ်စေခဲ့သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now