Chapter 29.1+29.2

1K 181 16
                                    

   ၎င်းမှာ စာအုပ်၏ဒုတိယအတွဲဖြစ်ပြီး လော့ကျန်းချင်သည် ထိုစာအုပ်အားနောက်တစ်ကြိမ်ထပ်တွေ့ရဦးမည်ဟု လုံး၀မထင်ထားခဲ့ပေ။

  လော့ကျန်းချင်သည် စာအုပ်ထဲရှိ စကားလုံးတစ်လုံးချင်းစီအား သေချာမှတ်မိအောင်လုပ်ပြီးနောက် "အမတလမ်းစဉ်အားရှာဖွေခြင်း" ၏ပထမတွဲအား ရည်ရွယ်ချက်ရှိရှိဖြင့် ကိုယ်တိုင်ကိုယ်ကျဖျက်ဆီးပစ်လိုက်လေသည်။ထိုစာအုပ်အား တစ်ယောက်ယောက်ဖတ်ဖြစ်ခဲ့ပါက လောကတစ်ခုလုံး ဗရမ်းဗတာအခြေအနေသို့သက်ဆင်းသွား‌နိုင်၏။၎င်းအားထိန်းသိမ်းထား၍ မည်သည့်အန္တရာယ်မှဖြစ်လာစေရန် လက်မခံနိုင်ချေ။

  လော့ကျန်းချင်သည် စာအုပ်အဖုံးအပေါ်၌ မည်သည့် ‌အမှတ်စဉ်နံပါတ်မှမရှိသည်ကို သေချာ‌တွေ့ထားသော်လည်း လီရှို့ချန်းသည် လျို့ယန်တောင်ကြားမှထွက်လာပြီးနောက် ထိုက်ဟွားတောင်တပည့်များကြားရှိ လော့ကျန်းချင်၏အဆင့်အတန်းအား အစားထိုးသွားခြင်းဖြင့် ပထမတွဲအားအဆုံးသတ်ထားလေသည်။

  သို့သော်လည်း လော့ကျန်းချင် ပြန်လည်မွေးဖွားလာပြီးနောက် အရာရာပြောင်းလဲသွားလေသည်။

  လီရှို့ချန်းတွင် ဦးမော့၀င့်ကြွားနေရန်အခွင့်အရေးတစ်ခုပင်မရတော့။ စာအုပ်ထဲတွင် တစ်နည်းအားဖြင့် သူတို့၏အရင်ဘ၀၌ လီရှို့ချန်းသည် ယွီရှောင်းတောင်ထွဋ်၏ဒုတိယတပည့်ဖြစ်ခဲ့သော်လည်း လက်ရှိတွင်မူ ဟောင်မင်တောင်ထွဋ်၏သာမညောင်ညတပည့်ကလေးတစ်ယောက်မျှသာလျှင်ဖြစ်သည်။လော့ကျန်းချင်သည် မျက်မှောင်ကြုပ်လိုက်ပြီး "အမတလမ်းစဉ်အား ရှာဖွေခြင်း" အားဖွင့်၍ ဖတ်လိုက်သည်။

  ဆယ့်ငါးမိနစ်အတွင်းဖတ်ပြီးသွားသည်။

  လော့ကျန်းချင်ကိုယ်တိုင်သည် ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူအားလုံးထဲတွင်အတော်ဆုံးသူဖြစ်သည်အားထည့်မတွက်လျှင်ပင် ကျင့်ကြံသူများသည် သာမန်လူများထက်ပို၍သာလွန်‌သောမှတ်ဉာဏ်ရှိလေသည်။သူသည် စာအုပ်အားဖတ်ပြီးသည်နှင့် ဖျက်ဆီးပစ်လိုက်သည်။စာအုပ်သည် "အမတလမ်းစဉ်အားရှာဖွေခြင်း" ပထမတွဲ၏ နောက်ဆက်တွဲဖြစ်ကာ လီရှို့ချန်းသည် လျို့ယန်‌‌ တောင်ကြားမှရရှိလာသော ယန်သီးတစ်ရာကျော်ဖြင့် ရွှမ်လင်းကျီအားမည်သို့မည်ပုံအံ့ဩစေခဲ့သည်ကို ရေးဖွဲ့ထား၏။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now