Chapter 26.2

888 148 6
                                    

လော့ကျန်းချင်သည် ခမ်းနားကြီးမားသောမြစ်အတွင်းသို့ ပြုတ်ကျသွားခဲ့သည်။သူ့နောက်ကျောမှ ဒဏ်ရာသည် လောင်ကျွမ်းနေသကဲ့သို့ နာကျင်လှသည်။သူ့ကိုယ်တွင်းတွင် ဝိညာဉ်စွမ်းအား များများစားစားမကျန်တော့သည့်တိုင် သူသည် လှိုဏ်ဂူရှိရာဖက်သို့ လှည့်၍ သူ့သူငယ်ချင်းဖြစ်သူအား အော်ခေါ်နေသေး၏။

   "မော့ချိုး! မော့ချိုး!"

  ဂူအတွင်းမှ အသံထွက်လာ၏။မော့ချိုးသည် ပြောလိုက်သည်။ "စိတ်မပူနဲ့..လေပြင်းက ငါ့အတွက်ကိုင်တွယ်ဖို့မခက်ဘူး။ ငါ့မှာအိမ်ကို...ပြန်ပို့‌ပေးနိုင်တဲ့ ကောင်းကင်အဆင့်မှော်၀င်ရတနာရှိတယ်။လော့ကျန်းချင်...ငါ့အိမ်က ဒီကနေတော်တော်ဝေးတယ်။ငါတို့အချင်းချင်း နောက်တစ်ကြိမ်ပြန်တွေ့ဖိုဆို တော်တော်လေးကြာလောက်မယ်"

  လော့ကျန်းချင်သည် သည်းမခံနိုင်လောက်အောင် နာကျင်နေသော်လည်း အော်ပြောလိုက်သည်။ "ငါ့ကိုမလိမ်နဲ့ မော့ချိုး။ မင်းငါ့ကို ဂူထဲကနေ တွန်းထုတ်ခဲ့တာ။ အဲ့တာက မင်းမကိုင်တွယ်နိုင်လို့..."

  "ယီးပဲ! မင်းငါ့ကိုဘာလို့မယုံရတာလဲ ဟမ်?။ထားလိုက်တော့ ..မင်းနဲ့ထပ်ပြီးအချိန်မဖြုန်းတော့ဘူး ။ ခုသွားပြီ"

  ကြက်သွေးရောင်အလင်းတန်းသည် မှောင်မည်းနေသော ဂူပေါက်၀မှ ခပ်ဝါးဝါးပေါ်ထွက်လာသည်။ ကောင်းကင်အဆင့်မှော်၀င်ရတနာထံမှ ပြိုင်ဘက်ကင်းခြိမ်းခြောက်နိုင်‌စွမ်းနှင့်အတူ လျှို့ဝှက်ဆန်းကြယ်သော တုန်ခါမှုလှိုင်းကလေးများသည် လေထုအတွင်းပျံ့နှံ့သွားသည်။အလင်းရောင်မှာ မှိန်ဖျော့လာ၏။ လော့ကျန်းချင်သည် မော့ချိုးမှာ တကယ်ထွက်သွားပြီဖြစ်ကြောင်း ခံစားမိလေသည်။

  လော့ကျန်းချင်: "..........."

  သူ့ပါးစပ်သည် တဆတ်ဆတ်တုန်ရီနေပြီးနောက် ရုတ်တရက်ရယ်မောလာလေသည်။

  လော့ကျန်းချင်သည် အချိန်ခဏ‌လောက်ရယ်နေခဲ့ပြီး နောက်ဆုံးတွင် ပင်ပန်းဒဏ်ကြောင့် သတိလစ်သွားတော့သည်။သူသည် အဆုံးမဲ့ရှည်လျားသော မြစ်တလျှောက်အတူမျောပါသွားခဲ့ကာ ဒီရေနှင့်လှိုင်းလုံးများနှင့်အတူ ဆက်လက်မျောပါနေခဲ့လေသည်။ပွင့်ချပ်လေးခုဖြင့် ၀န်းရံခံထားရသောအနီရဲရဲမှဲ့နီသည် သူ့မျက်ခုံးကြားတည့်တည့်တွင်ရှိနေသည်။ ကြမ်းတမ်းရိုင်းစိုင်းသောကမ္ဘာမြေအဆင့်သားရဲများ သူ့အနားသို့ချဉ်းကပ်လာတိုင်း အနီရောင်မှဲ့သည်တလက်လက်တောက်ပလာကာ ၎င်းတို့အား တွန်းလှန်ဖယ်ရှားပစ်ပေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now