Chapter 30.3

1K 160 7
                                    

သူ့နည်းတူစွာပင် သူ့ရှစ်စွင်းမှာလည်း လူသူကင်းမဲ့သောယွီရှောင်းတောင်ထွဋ်တွင်မွေးဖွားခဲ့ကာ ထိုနေရာတွင်ကြီးပြင်းလာခဲ့ကြခြင်းဖြစ်သည်။အရင်ဘ၀က လော့ကျန်းချင်သည် မရေမတွက်နိုင်သော ဂိုဏ်းတူညီ၊ညီမများ၏ ယဉ်ကျေးရည်မွန်သောစံပြံပုဂ္ဂိုလ်အဖြစ်မှတ်ယူခြင်းခံခဲ့ရပြီး အလားတူပဲ သူသည်လည်း ရွှမ်လင်းကျီအားအလွန်တရာလေးစားကာ သူ၏စံပြပုဂ္ဂိုလ်အဖြစ်မှတ်ယူခဲ့သည်။သူသည် ရွှမ်လင်းကျီနှင့် နီးကပ်ချင်သည်ဖြစ်ရာ ရွှမ်လင်းကျီနှင့်တတ်နိုင်သမျှတူအောင် အတုယူရန်ကလွှဲ၍မတတ်နိုင်ခဲ့ပေ။

  ထို့ကြောင့် ရွှမ်လင်းကျီသည် ဒေါသထွက်နေတောင်မှ သူ့နာမည်ကိုပင်မခေါ်နိုင်ဘဲ ထို့အစားသူ့အားရိုင်းစိုင်းသည်ဟုသာ ထပ်တလဲလဲပြောလာသည်မှာ အံ့ဩစရာမဟုတ်တော့။ (T/N- ဒီနားလေး လွဲနေရင်ထောက်ပြပေးလို့ရပါတယ်)

  အရင်ဘ၀က သူမိစ္ဆာလမ်းစဉ်ထဲသို့ကျရောက်ပြီး သေလူအဖြစ်နှစ်အတော်ကြာသတ်မှတ်ခံရချိန်တွင် လော့ကျန်းချင်သည် သူထိုသို့ဖြစ်လာမည်ကိုဘယ်တော့မှမတွေးခဲ့ဖူးပေ။ထိုက်ဟွားတောင်၏ ယဉ်ကျေးရည်မွန်သောဂိုဏ်းတူအစ်ကိုကြီးသည် ဂိုဏ်းတွင်းမှနှင်ထုတ်ခံလိုက်ရပြီးချိန်မှစ၍ သေဆုံးသွားခဲ့ပြီဖြစ်သည်။ခုလက်ရှိသူသည် အပြစ်အနာဆာကင်းသောမျက်နှာဖုံးအားတပ်ဆင်ထားသည့် သူ့တစ်ယောက်သာဖြစ်ပြီး ယခင်ကကဲ့သို့ တစ်သီးတစ်သန့်ဆန်သည့်သူမဟုတ်တော့ပါချေ။

  သူ့ကျင့်ကြံရေးအခြေခံအား ထိုထက်ပိုခိုင်မာအောင်လုပ်ရန်ဆုံးဖြတ်ထားပြီး လီရှို့ချန်းအားသတ်ချင်ကာ ကောင်းကင်လမ်းစဉ်အား ပြန်လည်သိမ်းပိုက်လိုပေသည်။

  သူသည် ထိုလူအား ရယူပိုင်ဆိုင်ချင်ပါ၏။

  တကယ်တော့ အပြစ်မဲ့သည့်လူများအားအထိန်းအကွပ်မရှိသတ်ဖြတ်သည်မှလွဲ လော့ကျန်းချင်သည်  ထိုမိစ္ဆာကျင့်ကြံသူများအား အတော်လေးမနာလိုအားကျမိလေသည်။သူတို့သည် ရိုင်းစိုင်းကြမ်းတမ်း၍ ပြောဆိုရခက်ခဲကာ ထင်တိုင်းကြဲတတ်သူများဖြစ်ပြီး သူတို့ဆန္ဒရှိသလို ပြုမူနေထိုင်နိုင်ကြပေသည်။စည်းမျဉ်းများစွာဖြင့်ကန့်သတ်ခံထားရသော သမာသမတ်ကျင့်ကြံသူများနှင့် လုံး၀ပင်ကွဲပြား၏။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now