Chapter 39.4

999 148 7
                                    

  လော့ကျန်းချင်သည် မော့ချိုးအား ယီရှောင်းတောင်ခြေအထိလိုက်ပို့ခဲ့သည်။ မော့ချိုးသည် တစ်လှမ်းသွားပြီးသည်နှင့် ရပ်လိုက်သည်။ လော့ကျန်းချင်သည် သူ့အားအံ့အားသင့်စွာကြည့်လိုက်သည်။ သို့ပေသိ သူဘာမှမပြောရသေးခင်မှာပဲ မော့ချိုးသည် အသံနိမ့်ကာခပ်တိုးတိုးမေးလာသည်။  "မင်းရဲ့ ရှစ်စွင်းကို..တကယ်ချစ်တာလား"

  လော့ကျန်းချင်သည် အံ့အားသင့်သွားပြီးနောင်တောက်ပစွာပြုံးလာသည်။ "အင်း..အတည် ၊ ပြီးတော့ ငါတို့အတူတူရှိနေကြပြီ"

  မော့ချိုးသည်ခဏလောက်တွေးနေပြီးနောက် ပြောလာသည်။ " အခု သီးခြားဆန်တဲ့အကြီးအကဲရွှမ်လင်းကျီက သူ့ကိုတုပ်နှောင်ထားတဲ့ကျင့်ဝတ်စည်းမျဉ်းတွေကိုစွန့်လွှတ်ဖို့ဆန္ဒရှိနေတာက ဟန်ဆောင်နေတာမဟုတ်ဘူးလို့တော့ထင်တာပါပဲ၊ ဒါပေမဲ့ လော့ကျန်းချင် .. ဒါကကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးနော်၊ ရွှမ်လင်းကျီက နှစ်ပေါင်းသုံးရာကျော်ကျင့်ကြံလာခဲ့တာ.. ပြောချင်တာက သူကမင်းထက် နှစ်သုံးရာလောက်ကြီးတယ်ဆိုတာပဲ"

  လော့ကျန်းချင်သည်ရယ်၏။ " ဒီတော့? ကျင့်ကြံသူတွေအနေနဲ့က နှစ်ပေါင်းသုံးရာဆိုတာဘာမှမဟုတ်ဘူး ငါတို့အတွက် မျက်စိတစ်မှိတ်စာလေးပဲရှိတာ..၊ မသေမျိုးအဖြစ်တက်လှမ်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့သက်တမ်းက အနှစ်ငါးထောင်ရှိပြီးတော့ မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုရင် နှစ်ပေါင်းသုံးထောင်အထိနေနိုင်တယ်၊ အခုငါက ဝိညာဉ်အခြေတည်အဆင့်ပဲရှိတာ ငါ့အတွက်အချိန်က နှစ်(၈၀၀)ပဲကျန်ပြီ..ကျင့်ကြံဆင့်မြင့်တဲ့သူတွေနဲ့ယှဉ်ရင် သေမင်းတံခါးဝနဲ့အနီးဆုံးရောက်နေတဲ့သူကငါဖြစ်ပြီးတော့ ကျင့်ကြံဖို့အတွက် ဒုက္ခတွေဖြတ်ကျော်ဖို့လိုတယ်"

  လော့ကျန်းချင်အားကျောခိုင်းလျက် မော့ချိုးသည်ကို့ရို့ကားယားနိုင်သောလေသံဖြင့်မေးလာသည်။ " နှစ်သုံးရာက... မျက်စိတစ်မှိတ်စာလေးပဲလား? "

  လော့ကျန်းချင်သည် ခေါင်းညိတ်သည်။ " ဒါပေါ့"

  မော့ချိုးသည် နောက်သို့ဖြည်းဖြည်းလှည့်ကာ လော့ကျန်းချင်အား ရှုပ်ထွေးနေသောခံစားချက်များဖြင့်စိုက်ကြည့်လိုက်ပြီးနောက် အသံတိုးတိုးဖြင့်ပြော၏။ " ဒါပေမဲ့ တစ်စုံတစ်ယောက်အတွက်တော့ နှစ်သုံးရာဆိုတာက မက်မောတောင့်တနေခဲ့ရတဲ့အရာပဲ"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now