Chapter 26.4

876 172 20
                                    

  အဘွားအိုမှာ ပြောနေရာမှရပ်ပြီးချောင်းဆိုးလာချိန်ထိ လော့ကျန်းချင်သည်ပြုံးလျက်နားထောင်နေခဲ့သည်။သူသည် သူ(မ)အားရေနွေးတစ်ခွက်ကမ်းပေးခဲ့သည်။အဖွားအိုသည် ပျော်ရွှင်မှုများပြည့်နှက်နေသောမျက်လုံးဖြင့်လော့ကျန်းချင်အားကြည့်လာသည်။ "အဲ့အချိန်က ငါတို့သူ့ကို ကုနျန်ရှန်းလို့နာမည်ပေးခဲ့တယ်"

  လော့ကျန်းချင်သည် အသာအယာခေါင်းညိတ်လိုက်ပြီး "နာမည်ကောင်းပဲ"

  အဖွားကုသည်ပြုံးလိုက်ပြီး ရေနည်းနည်းသောက်လိုက်သည်။

  အပြင်ဖက်တွင်မိုးရွာသွန်းနေပါ၏။မိုးစက်များမှာမြေပြင်ပေါ်သို့ အသံတစ်စုံတစ်ရာမထွက်ပေါ်ဘဲကျဆင်းနေကာ နွေဦးတွင်ရွာသွန်းသောမိုးမှာ ပေါ့ပါးနူးညံ့သောမိုးဖွဲကလေးများဖြစ်ချေ၏။ လော့ကျန်းချင်သည် ပြတင်းပေါက်များအားပိတ်ရန်ထရပ်လိုက်စဉ် နူးညံ့နွေးထွေးသောအသံသည် သူနောက်သို့ပြန်လှည့်မလာရသေးခင်မှာပင် တစ်ခုခုပြောလာသည်ကိုကြားလိုက်ရသည်။

  "နျန်ရှန်း..ဒီနှစ်တွေမှာအဆင်ပြေရဲ့လား"

  လော့ကျန်းချင်မှာ အေးခဲသွားရ၏။

  "မင်းရဲ့မွေးစားမိဘတွေကရော မင်းကိုကောင်းကောင်းဆက်ဆံကြလား..မောင်နှမသားချင်းတွေရောရှိလား..မင်းဘယ်မှာနေတာလဲ..လက်ရောထပ်ပြီးပြီလားဟင်"

  လော့ကျန်းချင်သည် ရပ်မြဲရပ်နေလျက်သား။သူ့ခေါင်းအားလှည့်မကြည့်လာခဲ့။

  အဖွားကုသည်ပြုံးနေချိန်၌ ချောင်းဆိုးလာပြီးနောက်ပြောလာသည်။ " မင်းကမသေမျိုးအမတဖြစ်လာဖို့သင်ယူနေတာကိုမေ့သွားတယ်..မင်းရဲ့ဆရာကမင်းကိုကောင်းကောင်းဆက်ဆံလောက်မယ်။သူက..."

   "အဖွားကု!"

  လော့ကျန်းချင်၏စကားအားကြား‌သောအခါ အဖွားကုသည် တုန်ယင်သွားပြီးနောက် သူ(မ)ပါးစပ်အားခပ်ဖြည်းဖြည်းပိတ်လိုက်သည်။

  အချိန်အတန်ကြာတိတ်ဆိတ်နေပြီးနောက် အဖွားကုသည်မျက်ရည်များအားသုတ်လိုက်ပြီး ဆို့နင့်စွာပြောလာသည်။ "ငါတို့ရဲ့ ဒုတိယကလေးက မိန်းကလေးပဲ။ငါတို့ ကုအားမိန်လို့နာမည်ပေးခဲ့ပြီးတော့ သူ့ကို 'နျန်ရှန်း'လို့ချစ်စနိုးနဲ့ခေါ်ခဲ့ကြတယ်။သူကအရမ်းလှတာ။‌နောက်တော့တခြားရွာက အမျိုးသားတစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။သူက ကလေးမွေးရခက်ပြီးမီးတွင်းထဲမှာဆုံးသွားရှာတယ်။သူ့ယောက်ျားက သူ‌သေပြီးသုံးနှစ်ကြာတဲ့အထိနောက်အိမ်ထောင်မပြုခဲ့ဘူး။နောက်တော့သူရုတ်တရက်ချမ်းသာလာပြီး တစ်ခြားမိန်းကလေးတစ်ယောက်နဲ့လက်ထပ်သွားတယ်လေ။ ဒါပေမဲ့ငါ့သမီးလေးက သူ့ဘ၀တစ်လျှောက်လုံး တစ်ခါလေးတောင်ပျော်ပျော်ရွှင်ရွှင်နေဖို့အခွင့်အရေးမရခဲ့ဘူး"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now