Chapter 41.2

675 108 3
                                    

ဖိုကျစ်သည် လော့ကျန်းချင်အား ညင်သာစွာပြုံးပြလိုက်သည်။ " ဒီတိုင်းသာမန်နာမည်တစ်ခုပါဘဲ..စိတ်ထဲမထားပါနဲ့ "

လော့ကျန်းချင်သည် ဝိညာဉ်ဆင့်ခေါ်အလံအား စိတ်မဝင်စားသည်ကိုမြင်သောအခါ ဖိုကျစ်သည် သူ့သတိအားလျှော့ချလိုက်ပြီး ဗုဒ္ဓပုတီးစေ့များအား တင်းကျပ်စွာဆုပ်ကိုင်ထားရာမှလွှတ်ချလိုက်သည်။ လော့ကျန်းချင်သည်ကျက်သရေတင့်တယ်စွာပြုံးလိုက်ပြီး ရင်းနှီးကျွမ်းဝင်စွာ သုံးသပ်လာချိန်တွင် ဖိုကျစ်သည်လည်း သူ့ရှေ့တွင်ရပ်နေသောကျင့်ကြံသူအား တူညီစွာပင်ပြုမူနေသည်။

ဖိုကျစ်မှာ တိတ်ဆိတ်မှုအားဖြိုခွင်းလိုက်ချိန်ထိ သူတို့မျက်လုံးများမှာ လေထဲတွင်အချိန်အတော်ကြာ အချင်းချင်းစိုက်ကြည့်နေကြသည်။ "ကျင့်ကြံသူလော့? ထိုက်ဟွားတောင်ရဲ့ တပည့်အကြီးဆုံး - ဒဏ္ဍာရီဆန်ဆန် လော့ရွှေ့ချန်းချိုး ထဲကတစ်‌ယောက်ဟုတ်တယ်မလား ? "

ဖိုကျစ်၏အမေးအားကြားသောအခါ လော့ကျန်းချင်သည် ပြုံးလိုက်ပြီး " သာမန်နာမည်ပါပဲ.. စိတ်ထဲမထားပါနဲ့ "
ဖိုကျစ်သည် ထိုအဖြေအားမမျှော်လင့်ထားသောကြောင့် အံ့အားသင့်သွားရသည်။ အချိန်ခဏကြာပြီးနောက် သူသည် ပြုံး၍လော့ကျန်းချင်ထံ ခြေလှမ်းတိုးလာသည်။ " ကျင့်ကြံသူလော့ မင်းတစ်နေ့ငါနဲ့တွေ့ဖို့ ကံကြမ္မာပါလာပြီးသားပဲ .. ဗုဒ္ဓနဲ့အတူကံကံရဲ့အကျိုးကို ဘာလို့မကျင့်ကြံချင်ရတာပါလိမ့်  မင်းဘယ်လိုမြင်လဲ? တကယ်လို့ ဗုဒ္ဓလမ်းစဉ်နဲ့ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုရင် အခုချိန်ကစပြီးတော့ ဗုဒ္ဓလမ်းစဉ်လောကထဲ ဝင်လို့ရတယ် ပြောရရင် .."

လော့ကျန်းချင်သည် ရယ်လိုက်သည်။ " ငါ့မှာဘုန်းကြီးလုပ်ဖို့ ရည်မှန်းချက်မရှိဘူး "

လော့ကျန်းချင်မှာ သူ့အားအထင်လွဲသွားသည်ကိုတွေ့လိုက်ရသောအခါ ဖိုကျစ်သည် ရှင်းပြလာသည်။ " ငါဆိုလိုတာက မင်းမှာဗုဒ္ဓလမ်းစဉ်နဲ့ ဆက်နွယ်ဖို့ကံကြမ္မာရှိတယ် ဒါကြောင့်မလို့ မင်းဆန္ဒရှိရင် ငါတို့ ကံကံအကျိုးကိုလေ့လာလိုက်စားလို့ရတယ် ဒါပြီးလို့ရှိရင်  မင်းငါတို့ဂိုဏ်းကိုလာတဲ့အခါ မင်းကိုအထူးဧည့်သည်တော်တစ်ယောက်အနေနဲ့ဆက်ဆံမှာပါ "

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now