Chapter 38.1+38.2

944 143 10
                                    

လော့ကျန်းချင်သည် အားကောင်းသောစွမ်းအားဖြင့် ပြောလိုက်သည်။ သူ၏ကျယ်လောင်သောစကားလုံးများမှာ လူတိုင်း၏အူတိုင်ထဲအထိ တုန်လှုပ်သွားစေသည်။

  တိတ်ဆိတ်မှုသည် အဆုံးမဲ့ပြိုင်ပွဲစင်မြင့်အား လွှမ်းမိုးသွားသည်။ ယင်းမှာ လော့ကျန်းချင်သည် သူ့ပြိုင်ဖက်များအားလုံးကို မျက်တောင်တစ်ခတ်စာအတွင်း အနိုင်ယူလိုက်ခြင်းကြောင့်ဖြစ်တန်ပြီး လင်းယွင်ခန်းမအရှေ့တွင်ထိုင်နေကြသော အကြီးအကဲများပင်လျှင် စကားတစ်ခွန်းမျှဆိုနိုင်စွမ်းမရှိကြချေ။

  သူတို့အားလုံးမှာ ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ လော့ကျန်းချင်မှာ ထိုအဆင့်သို့ရောက်ရန် နှစ်ပေါင်း(၄၀)သာကြာမြင့်ခဲ့ချိန်တွင် ပိုင်ချီမှာ နှစ်(၇၀)တိုင်ကျင့်ကြံခဲ့ပြီး ယွင်ရုန်မှာလည်း သူနှင့်အလားတူပင်။သူတို့ကြားရှိ ကျင့်ကြံခြင်းအချိန်ကာလ ကွာခြားမှုသည် ယွင်ရုန်နှင့်ပိုင်ချီတို့အား လော့ကျန်းချင်နှင့်တိုက်ခိုက်ရာတွင် အကျိုးအမြတ်နည်းနည်းမျှပင် မရရှိစေခဲ့ရုံမက ပိုင်ကလန်၏ခုနစ်ယောက်မြောက်သားဖြစ်သူ ပိုင်ချီမှာ လော့ကျန်းချင်အား ဓားထုတ်စေရန်ပင်မတတ်နိုင်ခဲ့ပေ။

  လော့ကျန်းချင်မှာ သူတို့နှစ်ယောက်ထက် ပိုအားကောင်းပေသည်။

   ပွဲကြည့်စင်ပေါ်တွင် ဖေ့ဟွားဂိုဏ်းမှ နတ်မိမယ်မင်ဟွားသည် ခေါင်းငုံ့ကာ သက်ပြင်းချလိုက်သည်။ လော့ကျန်းချင်နှင့် အခြားငယ်ရွယ်သည့်ကျင့်ကြံသူများ လျို့ယန်တောင်ကြားတွင်တိုက်ခိုက်စဉ်က သူမလည်း နေရာတွင်ရှိနေခဲ့သည်။ မင်ဟွားသည် ဖေ့ဟွားဂိုဏ်း၏ ဒုတိယတပည့်ကြီးတစ်ယောက်ဖြစ်ကာ သူ့အမြွှာညီအစ်မနှင့်အဆင့်ကပ်ရက်တွင်ရှိပြီး သူ့အမြွှာညီအစ်မ မြောင်ယင်းသည် အကြီးအကဲများအား ထိုက်ဟွားတောင်၏ပြိုင်ပွဲသို့လာရောက်ရန် တောင်းဆိုခဲ့သော်ငြား မင်ဟွားထံမှ ငြင်းပယ်ခြင်းခံခဲ့ရသည်။ မင်ဟွားသည် အခုဖြစ်ရပ်များအားမြင်လိုက်ရပြီးနောက်တော့ ထိုသို့ဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်သည်ဟု ထင်မြင်မိလေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now