Chapter 36.1

870 171 7
                                    

  ထိုသတင်းမှာ တစ်နာရီအတွင်း ထိုက်ဟွားတောင်တစ်ခုလုံးပျံ့နှံ့သွားသည်။

  ဤကဲ့သို့အကြောင်းအရာများအား အမြဲတစေအလွန်စိတ်၀င်စားလှသော ရှဲ့ကျစ်ကျိုးသည် ဟောင်မင်တောင်ထွဋ်မှ ထွက်လာခဲ့ပြီး တွေ့သမျှတပည့်တိုင်းအား "ငါတို့ရဲ့ဂိုဏ်းတူအစ်ကိုကြီးက သူ့မိန်းမနဲ့အတူပြန်လာခဲ့တယ်ဆိုလား ? အသက်ဆယ်နှစ်လောက်ရှိတဲ့ကလေးတစ်ယောက်နဲ့? တကယ်ကြီးလား"

  လက်နက်သန့်စင်လျက်ရှိသော ဆဌမဂိုဏ်းတူညီလေးရှို့ဟန်သည် ထိုသတင်းအားကြားလိုက်ရသည်။သူ့လက်ထဲရှိလက်နက်အားချကာ မျက်မှောင်ကြုပ်လိုက်ပြီး " ဂိုဏ်းတူအစ်ကိုကြီးက သူ့ဇနီးနဲ့သားကိုခေါ်ပြီး ထိုက်ဟွားတောင်ကိုပြန်လာတာလား? သူ့ဇနီးက ကိုယ်၀န်ကြီးနဲ့လား"

  ပဉ္စမဂိုဏ်းတူညီလေး ဟော့ယွီချုံးသည် ယွီရှို့တောင်ထွဋ်မှ အပြေးအလွှားထွက်လာပြီး အချိန်တိုင်းမင်သေသေမျက်နှာဖြင့်ရှိနေသော တတိယညီမ ဝေ့ချုံးယင်နှင့်တွေ့ခဲ့လေ၏။ ဟော့ယွီချုံးမှာ အံ့အားသင့်သွားပြီး " ဂိုဏ်းတူအစ်မ.. အစ်မ ..အစ်မလည်း ဒီကောလဟာလကိုကြားလိုက်လို့ ဘာဖြစ်နေလဲထွက်လာကြည့်တာလား"

  ဝေ့ချုံးယင်သည် ခေါင်းညိတ်လိုက်သည်။ " သေချာပေါက် ဂိုဏ်းတူအစ်ကိုကြီးရဲ့ လက်ထပ်မှုကို ငါတို့အားလုံးဂရုစိုက်ကြတာပဲလေ.. သူ့ဇနီးကကြောက်စရာကောင်းပြီးတော့ သတ္တိရှိတယ်လို့ကြားလိုက်တယ်..ငါသိချင်တာက.." ဝေ့ချုံးယင်သည် ခဏရပ်လိုက်ပြီးမှ " ငါသိချင်တာက ငါတို့ဂိုဏ်းတူအစ်ကိုကြီးက ဘယ်လိုလုပ်သူ့ကိုချစ်မိသွားရတာလဲ"

  ဟော့ယွီချုံးသည် ဒုတိယဂိုဏ်းတူအစ်ကိုကျောယွင်မော့ ဖြတ်သန်းသွားသည်ကိုတွေ့လိုက်ရသည်။သူသည် ကျောယွင်မော့အားရပ်ခိုင်းလိုက်ပြီး ဘယ်နေရာကိုသွားနေလဲဟုမေးလိုက်၏။ ဟော့ယွီချုံးသည် သူ့ထံမှ ၀မ်းနည်းမှုအားအာရုံခံလိုက်မိသည်။ ထို့နောက် သူပြောလာသည်အား ကြားလိုက်ရသည်။ "ဂိုဏ်းတူအစ်ကိုကြီးက သူ့ဇနီးနဲ့ကလေးကိုခေါ်ပြီးပြန်လာတယ်လို့ကြားတယ် ပြီးတော့...သူတို့က တစ်ယောက်ပေါ်တစ်ယောက် အရမ်းနက်နက်ရှိုင်းရှိုင်းချစ်နေကြတဲ့ပုံပဲ..ဂိုဏ်းတူအစ်ကိုကြီးက ပြန်ရောက်တာနဲ့ချက်ချင်း သူမကို ယီရှောင်းတောင်ထွဋ်ကိုခေါ်သွားတယ်"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now