Chapter 28.2

1K 192 23
                                    

ရွှမ်လင်းကျီသည် သူ၏တုန့်ပြန်မှုကြောင့် အံ့ဩသွားရပြီး "ကျန်းချင်..ငါမင်းကိုစကားပြောနေတာ။ ဘာလို့ ဒီလိုငြိမ်နေရတာလဲ"

  လော့ကျန်းချင်သည် သူ့အားလေးနက်သောအကြည့်ဖြင့်စိုက်ကြည့်နေကာ စကားတစ်ခွန်းမျှဆိုမလာပေ။

  ရွှမ်လင်းကျီသည် အနည်းငယ်ဒေါသထွက်သွားကာပြောလာ၏။ "အပြင်မှာ နှစ်နည်းနည်းလောက်နေလိုက်တာနဲ့ ဘယ်လိုမျိုးပြုမူရမယ်ဆိုတာကိုမေ့သွားတယ်ပေါ့?ဘယ်အချိန်ကစပြီးတော့ ဒီလိုမျိုးရိုင်းစိုင်းလာတာလဲ။ မင်းကအခုမှပြန်ရောက်လာတာကြောင့်မလို့ ငါမင်းကိုပြစ်ဒဏ်ဂိတ်တံခါးကိုသွားဖို့အပြစ်ပေးမှာတော့မဟုတ်ဘူး။ဒါပေမဲ့ နောက်ရက်တွေမှာလည်း ဒီလိုအပြုအမူမျိုးဆက်လုပ်နေမယ်ဆိုရင်..."

  "ရှစ်စွင်း"

  လော့ကျန်းချင်၏ကွဲအက်ရှတစွာခေါ်လာသံအားကြားလိုက်ရသောအခါ ရွှမ်လင်းကျီသည်ပြောလက်စအားရပ်လိုက်သည်။စိမ်းလန်းသောဝါးရုံတောများအလယ်တွင် အပြာနုရောင်၀တ်စုံအား၀တ်ဆင်ထား‌သည့် လှပသောသူ့တပည့်အားကြည့်နေ‌ခဲ့သည်။လေပြေလေညင်းများသည် လော့ကျန်း၏ဆံနွယ်များအား တိုးဝှေ့သွေးဆော်သွားပါ၏။သူသည် နောက်ဆုံးတွင်ပြုံး၍ပြောလာသည်။ "လွန်ခဲ့တဲ့တစ်နှစ်က လျို့ယန်တောင်ကြားကနေထွက်လာခဲ့ပြီးတော့ လော့မြစ်ထဲမှာမျောနေခဲ့တယ်။ သက်ကြီးစုံတွဲတစ်တွဲကကျွန်တော့ကိုကယ်ခဲ့တာ" ခဏရပ်လိုက်ပြီး‌နောက် လော့ကျန်းချင်သည်ဆက်၍ "သူတို့ကကျွန်တော့်ရဲ့မိဘတွေပဲ"

  ရွှမ်လင်းကျီသည်ကနဦးတွင်မည်သည်မျှမပြောလာခဲ့၊ နောက်တွင်တော့ " ဒါပေမဲ့ မင်းလောကီရေးရာအနှောင်အဖွဲ့တွေကို မဖြတ်တောက်လာဘူးလေ"

  လော့ကျန်းချင်သည်ခေါင်းညိတ်လိုက်သည်။ "ဟင့်အင်း ကျွန်တော်မလုပ်ခဲ့ဘူး။ ရှစ်စွင်း..ဘာလို့ကျွန်တော့်မိဘနဲ့ကျွန်တော့်ကြားကဆက်ဆံရေးကိုဖြတ်တောက်ရမှာလဲ။ ဘာလို့ကျွန်တော်က အသဲနှလုံးမရှိတဲ့ ခံစားချက်မရှိတဲ့လူဖြစ်ဖို့လိုတာလဲ။ ရှစ်စွင်းပဲပြောခဲ့တယ်မလား..ရှစ်စွင်းတောင်ဘာနှောင်ကြိုးမှမဖြတ်တောက်ခဲ့ဘူးဆို။ စိတ်တော့မရှိပါနဲ့..ရှစ်စွင်းရဲ့မိဘတွေက ဆုံးသွားတာကြာလှပြီ။အဲ့တာကရှစ်စွင်းမဖြတ်တောက်ဘဲထားတဲ့ ဆက်ဆံရေးလား။နောက်တနည်းဆိုရင်တော့ ဒီတပည့်ကတလေးတစားနဲ့မေးချင်ပါတယ်.. ရှစ်စွင်းကိုသေမျိုးလောကနဲ့ခုထိမဖြတ်နိုင်စေတဲ့ ဒီဆက်ဆံရေးကတကယ်ပဲဘာများပါလဲ"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now