Chapter 22.2

1K 163 6
                                    

   ရွှမ်လင်းကျီ၏မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖျော့နေပြီး ယွီချင်းကျီအော်လိုက်ချိန်ထိ ဘာမျှပြန်မဖြေခဲ့ပေ။

  "ကျန်းချင် အဝေးကြီးမရောက်သေးဘူး၊ မူလဝိညာဉ်တစ်၀က်ပြန်သွားယူကြမယ်"

  ထိုစကားအားကြား‌သောအခါ ရွှမ်လင်းကျီသည် လက်ကျန်ခွန်အားများကိုစုစည်း၍ ယွီချင်းကျီ၏ရှေ့တွင်ရပ်ကာ တားဆီးလိုက်သည်။

  ခါတိုင်းကဲ့သို့ ကြော့ရှင်းနေပြီး အနိမ့်အမြင့်မရှိသောအသံဖြင့်ပြောလိုက်သည်။

  "ညီမလေး၊ သူကငါ့တပည့်နော်။ ငါ့ခွင့်ပြုချက်မပါဘဲ သူ့ကိုတစ်ခုခုလုပ်ရဲမယ်ဆိုရင် မင်းတပည့် မုထျန်းရှင်းကို ပြန်ပေးဆပ်ခိုင်းမယ်"

  ယွီချင်းကျီသည် အံ့အားသင့်၍ မျက်လုံးများဝိုင်းစက်သွားကာ ခဏလောက်ပြောစရာစကားမဲ့သွား၏။

  ဆယ့်ငါးမိနစ်ကြာပြီးချိန်တွင် တပည့်တသိုက်သည် အကြီးအကဲရှန်နောက်မှလိုက်၍ ထိုက်ဟွားတောင်မှ ထွက်ခွာသွားကြသည်။

  ထိုက်ဟွားတောင်နှင့် လျို့ယန်တောင်ကြားသည် ခရီးရှည်လျားသည်။အကြီးအကဲရှန်၏ ပျံသန်းရေးကိရိယာဖြင့်ပင် လျို့ယန်တောင်ကြားသို့ရောက်ရန် ဆယ်ရက်တာကုန်ဆုံးခဲ့သည်။ ကျင့်ကြံသူအများစုလည်း အတူတကွစုဝေးရောက်ရှိနေကြပြီဖြစ်သည်။တစ်ချို့မှာ ကျော်ကြားသောကျောင်းတော်များမှဖြစ်ပြီး အများစုမှာတော့ တစ်ကိုယ်တော် (လေလွင့်)ကျင့်ကြံသူများဖြစ်ကြသည်။

  လျို့ယန်တောင်ကြားဖွင့်ချိန်တွင် ဝိညာဉ်အခြေတည်အဆင့်အောက်ရှိ ကျင့်ကြံသူများအားလုံး ၀င်ရောက်နိုင်မည်ဖြစ်သည်။သို့သော် တစ်ကိုယ်တော်ကျင့်ကြံသူများအဖို့ တန်ဖိုးကြီးအရာများအားရရှိရန် အခွင့်အရေးအလွန်နည်းပါးသည်။အကြောင်းမှာ အများစုသည် အသက်မရှင်နိုင်ကြသောကြောင့်ဖြစ်သည်။တစ်ဖက်တွင်တော့ကျောင်းတော်များမှလူများသည် သူတို့၏ အင်အားတောင့်တင်းစေရန် အမြဲတစေအဖွဲ့ဖွဲ့လေ့ရှိသဖြင့် တန်ဖိုးကြီးဆုလာဘ်များ မကြာခဏ ရလေ့ရှိကြသည်။
လော့ကျန်းချင်နှင့်ကျန်တပည့်များ လျို့ယန်တောင်ကြားသို့ရောက်ရှိသောအခါ အကြီးအကဲရှန်သည် မြို့ရှိတစ်ခုတည်းသော တည်းခိုဆောင်ကို လျင်မြန်စွာသွားလိုက်ပြီး ထိုက်ဟွားတောင်ဟု ထွင်းထားသောနံပါတ်ပြားကို ယူလိုက်လေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now