Chapter 22.3

873 152 1
                                    

ထိုကဲ့သို့ပြောပြီးနောက် မော့ချိုးသည် လှည့်ပြန်ခါနီးတွင် "ကျင့်ကြံသူမော့ ၊ အခုအားလုံးလည်းဖြေရှင်းလို့ပြီးသွားပြီဆိုတော့ ဒီလိုစိတ်မချမ်းသာစရာကောင်းတဲ့ကိစ္စကို မေ့ပစ်ပြီး ဘာလို့အဆင်ပြေပြေမ‌နေနိုင်ရမှာလဲ၊ မင်းမှာ အခန်းမရတော့ဘူးလို့ကြားတယ်၊ ငါတို့မှာ အခန်းပိုတစ်ခန်းရှိတယ် ၊ မင်းအဆင်ပြေရင်နေလို့ရတယ်" လော့ကျန်းချင်သည် မနိမ့်မမြင့်အသံဖြင့်ပြောလာသည်။

  ဂိုဏ်းတူညီဆယ့်ကိုးသည် အံ့အားသင့်စွာဖြင့်"ဂိုဏ်းတူအစ်ကိုကြီး ..ကျွန်တော့်အထင်တော့ အခန်းပိုမရှိတော့ဘူးလားလို့၊ အစ်ကိုကြီး.."

  လော့ကျန်းချင်သည် "ငါတစ်ခြားသူတွေနဲ့ အိပ်လို့ရတယ်၊ အဆင်ပြေတယ်"

  ၎င်းအားကြားသောအခါ မော့ချိုးသည် တိတ်ဆိတ်သွားပြီး တစ်လျှောက်လုံး လော့ကျန်းချင်အား ပြုံးလျက်ကြည့်နေ‌လေသည်။

  လော့ကျန်းချင်သည် တည်ငြိမ်စွာဖြင့် "ကျင့်ကြံသူမော့  ဘာပြောချင်လဲ?"

  မော့ချိုးသည် မေးခွန်းထုတ်လိုက်၏။

  "ငါ့ကို လာဘ်ထိုးနေတာလား?"

  လော့ကျန်းချင်သည် သူ့အမေးအား လစ်လျူရှုလိုက်လေသည်။

  မော့ချိုးသည် ရယ်မော၍ " စိတ်၀င်စားစရာပဲ.. ထိုက်ဟွားတောင်ရော ထိုက်ဟွားတောင်ရဲ့တပည့်တွေရောက၊ ဟားဟား ဟားဟား ၊ ကောင်းပြီ ငါမင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံမယ်၊ဒါပေမဲ့ တစ်ခြားသူတွေနဲ့ အတူတူသွားအိပ်ဖို့မလိုဘူး ငါမင်းနဲ့ အခန်းမျှသုံးပေးနိုင်တယ်"

  ထိုသည်အားကြားသောအခါ လော့ကျန်းချင်၏ မျက်လုံးထဲတွင် ခပ်ဝါးဝါးအလင်းရောင်လေးတစ်ချက်လက်သွားသော်လည်း တိတ်ဆိတ်စွာနေလေသည်။

   ညစာစားပြီးနောက် လော့ကျန်းချင်သည် ဝေ့ချုံးယင်အား မော့ကလန်နှင့်ပတ်သက်၍ မေးမြန်းရန် အပြင်သို့ခေါ်ထုတ်လာခဲ့သည်။မော့ကလန်နှင့်ပတ်သက်သည့်အကြောင်းအားကြားသိပြီးသောအခါ လော့ကျန်းချင်၏ မျက်လုံးများသည် တဖြည်းဖြည်း မှောင်မိုက်လာ၏။နောက်ဆုံးတွင် ရယ်လိုက်ပြီး  "ငါသိပြီ ၊ အရင်တစ်ချိန်တုန်းက မော့ကလန်က ကလန်ကြီးရှစ်ခုထဲမှာ ခေါင်းဆောင်နိုင်ခဲ့တဲ့ဆိုတာကို မသိခဲ့ဘူးပဲ" ထို့နောက် သူတို့သည် တည်းခိုဆောင်ရှိရာသို့ ပြန်လာခဲ့ကြသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now