Chapter 23.3

915 140 2
                                    

ယန်စုသည် ဟန်မဆောင်ဘဲပြောလာသည်။" သူက ဘုရားသခင်ရဲ့ကောင်းချီးကိုရထားသလိုပဲနော်။  အားစိုက်စရာမလိုဘဲနဲ့ ယန်သစ်သီးတွေအများကြီးကိုရထားတာပဲ။ ညီနောင်လော့ သွမ့်ဟွမ်ဂိုဏ်းက လျို့ယန်တောင်ကြားမှာ မင်းရဲ့ရန်သူလုံး၀မဖြစ်လာစေရဘူးလို့ကတိပေးပါတယ်"

  ဝုန်း!

  အပြာရောင်ဓားစွမ်းအင်သည်ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ယန်စုဆီသို့ပြေး၀င်သွားသည်။ယန်စုသည် သူ့စကားပင်မဆုံးလိုက်ခင်တွင် ရုတ်တရက်တိုက်ခိုက်မှုအား ခုခံရန် သူ့၏သရဲပုဆိန်အား ချက်ချင်းထုတ်ယူလိုက်ပြီး အလျင်အမြန်ကာကွယ်လိုက်သည်။

  ထိုအချိန်တွင် လော့ကျန်းချင်သည် ရွှမ်းဖူအားထုတ်လိုက်ပြီး လီရှို့ချန်းအား သူ့ဘေးမှကန်ထုတ်လိုက်ကာ ယန်စုထံသို့ပြေး၀င်သွားတော့သည်။

  ယန်စုသည် သူ့သရဲပုဆိန်အားမြောက်လျက် တိုက်ခိုက်မှုများအား ရင်ဆိုင်လိုက်သည်။သူတို့သည် အသက်တစ်ခါရှူစာအတွင်းမှာပဲ တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြပြီးဖြစ်သည်။

  ယန်စုသည် လူရည်မွန်တစ်ယောက်ကဲ့သို့တုပကာ လော့ကျန်းချက်အားဖြောင်းဖြလာ၏။ "ညီနောင်လော့..ချီစုစည်းခြင်းအဆင့်တပည့်တစ်ယောက်အတွက်နဲ့ ငါ့ကို ဆန့်ကျင်ပြီးတိုက်ခိုက်ဖို့ မထိုက်တန်ဘူးနော်"

  လော့ကျန်းချင်သည် အော်ရယ်လိုက်ပြီး "ငါက သူ့အတွက်နဲ့ သွမ့်ဟွမ်းဂိုဏ်းကို တိုက်ခိုက်တယ်လို့ထင်နေတာလား"

  "အင်း"

ယန်စုသည် ခေါင်းညိတ်လိုက်သည်။

  အေးစက်သောဓားအလင်းဖြင့် ခုတ်လိုက်ပြီးနောက် လော့ကျန်းချင်သည် ဒေါသတကြီးပြောလိုက်သည်။ "မင်းလိုလူကိုမပြောနဲ့ ထိုက်ဟွားတောင်ရဲ့ တပည့်တစ်ယောက်အနေနဲ့ ဘယ်သူ့ကိုမှခေါင်းငုံ့ခံမှာမဟုတ်ဘူး။ ထိုက်ဟွားတောင်ရဲ့ဂုဏ်အတွက် မင်းလုပ်ခဲ့တာကို ပြန်ပြီးတောင်းပန်စေရမယ်"

  ထိုက်ဟွားတောင်ရဲ့တပည့်ကို ဘယ်သူမှမခြိမ်းခြောက်နိုင်ဘူး!

  နှစ်ယောက်လုံးသည် လေထုထဲ၌ တိုက်ခိုက်နေကြသည်။ဓားရှည်သည် ပုဆိန်နှင့်ထိခတ်သွားပြီး မီးပွားများလွှင့်စင်သွား၏။ ထိုအချိန်တွင် လီရှို့ချန်းထံသို့ လူရှစ်ယောက်ရောက်လာပြီး လော့ကျန်းချင်သည် ထိုသူများအား ဓားတစ်ချက်ခုတ်ပိုင်းလိုက်ပြီး သူတို့အားရပ်တန့်ရန် ဖိအားပေးလိုက်လေသည်။ထိုသူများမှာ ယန်စု၏ ဂိုဏ်းတူညီနောင်များဖြစ်၏။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now