Chapter 14

1.3K 215 2
                                    

ရွမ်လင်းကျီ၏အသံဆုံးသည်နှင့် ကျောက်တုံးအခန်းအတွင်း တိတ်ဆိတ်သွားလေသည်။

  လက်ညိုးနှစ်ချောင်းကိုပူးလိုက်ပြီး ရွှေရောင်အလင်းတန်းသည် ဆုတောင်းဖျာအ‌ရှေ့ရှိ ကျောက်စားပွဲအား ဖျက်ဆီးပစ်လိုက်လေသည်။ရုတ်ခြည်း ကျောက်သားစားပွဲအတွင်းမှနေ ချည့်နဲသော အကြွင်းအကျန်ဝိညာဉ် ထွက်ပေါ်လာသည်။၎င်း၏ ကိုယ်ထည်မှာ  နောက်တစ်စက္ကန့်အကြာတွင် ကွယ်ပျောက်သွားတော့မည်သကဲ့သို့ အင်မတန်ဖျော့တော့နေသည်။ သို့သော် သူ့နှုတ်ခမ်းမှနေ "လူသား နှင့် မိစ္ဆာ"ဟူသောစကားအား ထပ်တလဲလဲ မနားတမ်းရေရွတ်နေသည်။

  အကယ်၍ လော့ကျန်းချင်သာ သည်အချိန်၌နိုးကြားနေပါက ဆဌမအဆင့်အားကျော်ဖြတ်ရာတွင် အချိန်ကြာမြင့်စွာ ခက်ခက်ခဲခဲတိုက်ယူခဲ့ရသော အသံပိုင်ရှင်အား တွေ့လိုက်ရ၍ ထိတ်လန့်သွားပေလောက်သည်။ယင်းသည် ဝိညာဉ်အကြွင်းအကျန်သာဖြစ်ကာ ဝိညာဉ်စွမ်းအားအနည်းငယ်သာရှိသည်ဟု ဆိုနိုင်သည်။သို့ပေမဲ့ ၎င်းသည် မူလသခင်၏ စွဲလမ်းမှု ကြောင့်အချိန်ကြာမြင့်သည် အထိပျက်စီးသွားခြင်းမရှိပေ။

   "လူသား၊မိစ္ဆာ။ လူသားလား မိစ္ဆာလား "

  ရွှမ်လင်းကျီ၏ အေးစက်သောမျက်နှာတွင် မည်သည့်ခံစားချက်မျှမရှိဘဲ သူ့နဖူးအလယ်ရှိ ပွင့်လွှာရှစ်ခု‌ရွှေကြာပန်းမှ မရေမတွက်နိုင်သောအလင်းအတန်းများ ရုတ်တရက် ထွက်ပေါ်လာ၏။ ဝိညာဉ်အကြွင်းအကျန်သည် နာနာကျင်ကျင် အော်ဟစ်လိုက်ပြီး တုန်ရီစွာဖြင့် သူ့ခေါင်းအားမော့ကာ ရွှမ်လင်းကျီအား ကြည့်လိုက်သည်။ အချိန်အကြာကြီး အထက်အောက် ကြည့်ပြီးသောအခါ စူးရှစွာ ဟစ်အော်လာသည်။

  "မင်းက မိစ္ဆာပဲ!"

  ရွှမ်လင်းကျီသည် 'ဟွန်း'ကနဲလုပ်လိုက်ကာ လှောင်ပြုံး ပြုံး၍ " ဘယ်လိုဖြစ်လို့ ငါက မိစ္ဆာဖြစ်ရတာလဲ "

  သူ့အသံအား မကြားလိုက်သည့်အလား ယင်းသည်  ကြမ်းတမ်းရက်စက်စွာ ခုန်အုပ်လာသည်။

  ရွမ်လင်းကျီသည် ဓားအလင်းထွက်ပေါ်လာစေပြီး ဝိညာဉ်အကြွင်းအကျန်သည် စိတ်မချမ်းမြေ့ဖွယ် အော်ဟစ်လာလေသည်။သူ့မျက်လုံးများမှာ တဖြည်းဖြည်း တောက်ပကြည်လင်လာသည်။ခဏကြာပြီးနောက် ရွှမ်လင်းကျီအား ခေါင်းမော့ကြည့်လာပြီး အံ့ဩစွာဖြင့် မေးလိုက်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now