Chapter 33.1

862 155 5
                                    

သူတို့ထဲမှ အားအနည်းဆုံးကျင့်ကြံသူပင် လီရှို့ချန်းနှင့်ယှဉ်ပါက ပို၍စွမ်းအားမြင့်ပေသည်။သူတို့သည် အတူတကွစုဝေး၍ လီရှို့ချန်းအား သူတို့လက်နက်များဖြင့်ချိန်ရွယ်ထားလိုက်ပြီး သူ့အားအပိုင်းအပိုင်းအစအစဖြစ်အောင်လုပ်ရန် အသင့်ဖြစ်နေကြသည်။

ထို့နောက်တွင်တော့ လီရှို့ချန်းသည် သူ့၏တပည့်တံဆိပ်အားယူထုတ်၍ ဉာဏ်ကောင်းသောလှုပ်ရှားမှုတစ်ခုလုပ်လိုက်သည်။

"ငါ..ငါက ထိုက်ဟွားတောင်ရဲ့အတွင်းတပည့်ပဲ! "

လူအုပ်ကြီးမှာ ထိတ်လန့်သွားကြသည်။

ထိုသို့ဖြစ်လာမည်ကိုသိနေသော လော့ကျန်းချင်သည် စိတ်ပျက်စွာသက်ပြင်းချလိုက်သည်။

သာမန်ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ဗဟိုချက်ဖြစ်တည်ခြင်းအလယ်အလတ်အဆင့်ကျင့်ကြံသူသည် ရယ်၍ပြောလိုက်သည်။ " ဒီမျက်နှာပြောင်တဲ့လူက ငါတို့ရဲ့ရမယ့်ဆုကို ယူချင်နေပြီးတော့ တကယ်လို့ ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူသာ ကြားမ၀င်ပေးခဲ့ဘူးဆိုရင် သူကအောင်မြင်လုနီးပါးဖြစ်ပြီ..ညီအစ်ကို သူဘာပြောလိုက်လဲဆိုတာကိုကြားလိုက်လား"

"ငါဘာမှမကြားလိုက်ဘူး "

"သူပြောတာကို ကြားလိုက်တဲ့သူတွေရှိလား "

ကျန်သည့်ကျင့်ကြံသူအားလုံးမှာ ခေါင်းခါ၍ "မကြားပါဘူး "

ထိုစကားများအား ကြားသောအခါ လီရှို့ချန်းမှာတောင့်ခဲသွားလေသည်။ လီရှို့ချန်းသည် ကျင့်ကြံသူတစ်စုထံမှာ ကောင်းကောင်းရိုက်နှက်ခံနေရရင်း"ငါကထိုက်ဟွားတောင်ရဲ့ အတွင်းတပည့်ပဲ" ဟုဆက်လက်အော်ဟစ်နေသည်။ထိုလူစု၌ သူ့အားသတ်ရန်ရည်ရွယ်ချက်မရှိပေ။သူတို့သည် လီရှို့ချန်းသည်းမခံနိုင်တော့သည်အထိ သူ့အားရိုက်နှက်ခဲ့ကြသည်။သူရဲဘောကြောင်သူမှာ တန်ဖိုးကြီးသောကျောက်စိမ်းဖြူတံဆိပ်ကိုသုံး၍ မိုင်ဆယ်ချီအဝေးသို့ ထွက်ပြေးသွား၏။

ကျင့်ကြံသူဆယ့်ကိုးယောက်မှာ သူ့အားလိုက်ဖမ်းရန်မကြိုးစားချေ။သူတို့မှာ သူ့အားအရေးစိုက်မနေဘဲ ရွှေဖီးနစ်အားဖြေရှင်းရန်ပြန်လာခဲ့ကြသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now