Chapter 27.2

851 157 5
                                    

ဘေးဖက်တွင်ရပ်နေသောကုယွမ်အားမြင်သောအခါ မိန်းကလေးသည် မဆိုစလောက်ဒေါသထွက်သွားကာ " ရိုင်းစိုင်းတဲ့အပေအတေလူ..ရှင့်ကိုဘယ်သူ၀င်ခွင့်ပေးလိုက်တာလဲ"

  ကုယွမ်သည် ဂရုမစိုက်သည့်ပုံဖြင့် "ငါ့လိုသူရဲကောင်းတွေကို၀င်ခွင့်မပြုဘဲနဲ့ မိန်းကလေးသီးသန့်လို့ အပြင်မှာရေးထားလို့လား"

  မိန်းကလေးသည် လှောင်ပြောင်လိုက်ပြီး "လာနောက်နေတာလား။ သူရဲကောင်း...ရှင်က?"

  ကုယွမ်သည်ခေါင်းအားမော်ချီလျက် "ဧကရာဇ်ကိုယ်တိုင်မိန့်ကြားထားတာလေ"

  သူ(မ)၏မျက်လုံးသည် အနည်းငယ်တောက်ပသွားပြီး ဓားအားမြောက်လျက် "ဒီလိုဆိုမှတော့..သူရဲကောင်းကကျွန်မရဲ့ စိန်ခေါ်မှုကိုလက်ခံရဲပါသလား"

"ဘာလို့မရဲရမှာလဲ"

  သူတို့သည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဥယျာဉ်အတွင်းတိုက်ခိုက်ခဲ့ကြသည်။နောက်ဆုံးတွင်တော့ မိန်းကလေးမှာရှုံးနိမ့်သွားခဲ့သည်။မိန်းကလေးသည် ကုယွမ်လက်မှရုန်းထွက်သော်လည်း မအောင်မြင်ဘဲရှိရာ သက်ပြင်းချလိုက်ပြီး " ဒီလိုလား? ရှင်ကကျွန်မအဖေပြောဖူးသလိုပဲ..ခွန်အားရှိယုံကလွဲပြီး ကိုယ့်ကိုယ်ဘယ်လိုပြုမူရမလဲဆိုတာမသိတဲ့သူပဲ"

  သုံးနှစ်ကြာပြီးနောက် ကုယွမ်သည် စစ်သေနာပတိချုပ်၏တစ်ဦးတည်းသောသမီးဖြစ်သူ ယင်းညာန်နှင့်လက်ဆက်ခဲ့လေသည်။

  ဧကရာဇ်ကိုယ်တိုင်ကောင်းချီးပေးခဲ့လေ၏။
လက်ထပ်ပြီးနှစ်နှစ်အကြာတွင် သားဦးလေးအားဖွားမြင်ခဲ့ပြီး ငါးနှစ်အတွင်းကလေးသုံးယောက်ထွန်းကားခဲ့လေသည်။လက်ထပ်ပြီးဆယ်နှစ်ကြာသောအခါယင်းညာန်သည် နောက်ထပ်ကလေးထပ်မွေးရန်ငြင်းဆန်ခဲ့သည်။ကုယွမ်မှာ ဘာမှမတတ်နိုင်တော့။သို့ဖြစ်၍ သူသည်သူ့၏သားခြောက်ယောက်အား ကိုယ်ခံပညာသင်ကြားရာတွင်လုံး၀နစ်မြုပ်ခဲ့လေသည်။

(T/N- ခြောက်ယောက်မွေးထားတာတောင် ထပ်လိုချင်နေသေးတုန်းလားဟင်👀)

  ကုယွမ်အသက်သုံးဆယ်အရွယ်တွင် ယင်းညာန်ရဲ့အဖေဖြစ်သူ စစ်သေနာပတိချုပ်ဟောင်းသည် စစ်မြေပြင်၌ သေဆုံးသွားခဲ့သည်။ဧကရာဇ်အသစ်၏ အမိန့်အရ ကုယွမ်သည်စစ်မြေပြင်သို့ထွက်ခွာသွားခဲ့ရသည်။သူရောက်ရှိရာနေရာတိုင်း သေခြင်းတရားနှင့် ပျက်စီးခြင်းတို့ပါယှဉ်တွဲလိုက်ပါလျက်ရှိ၏။သံသယစရာမလိုအောင်ပင် သူတို့သည် စစ်ပွဲအားအနိုင်ရခဲ့လေသည်။သူသည်ရန်သူ့တပ်စစ်သူကြီး၏ခေါင်းအားဖြတ်ယူ၍ ရှေ့တန်းမှပြန်လာခဲ့သည်။သူသည် သူ့ဇနီးအားတင်းကြပ်စွာပွေ့ဖက်လိုက်ပြီး နူးနူးညံ့ညံ့နှစ်သိမ့်ပေးခဲ့လေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now