Chapter 26.1

891 146 3
                                    

ကောင်းကင်ဘုံကျောက်စိမ်းလှေသည် မြစ်အတွင်းသက်ဆင်းပြီးသည်နှင့် ချက်ချင်း ၎င်းသည် အရပ်မျက်နှာအသီးသီးသို့ အေးစက်သောအရှိန်အဝါများ ပျံ့နှံ့သွားစေ၏။

မီးတောက်မြစ်သည် တစ်ခဏမျှ ငြိမ်သက်သွားပြီးနောက် ပြင်းထန်သောလှိုင်းလုံးကြီးများ တလှိမ့်လှိမ့်တက်လာတော့လေသည်။ကောင်းကင်အဆင့်မှော်ရတနာသည် ရွှေရောင်မီးတောက်မြစ်နှင့် တိုက်ခိုက်နေသည့်အလား အပြာဖျော့ဖျော့အလင်းတန်းများ ရိပ်လွှမ်းနေလေ၏။နှစ်ဖက်မှာ သူမသာကိုယ်မသာ အခြေအနေတွင်ရှိနေကြသည်။ လှေဘေးပတ်လည်ရှိ မီးတောက်များမှာ တဖြည်းဖြည်းအေးခဲလာကာ လှေကိုယ်ထည်မှာတော့ ဆန့်ကျင်ဘက်အနေနှင့် နီရဲလာလေသည်။

မော့ချိုးသည် စိုးရိမ်လေးနက်သောအသံဖြင့် ပြောလာခဲ့သည်။ "ဒီမိစ္ဆာအကြီးအကဲရဲ့ နှလုံးသွေးက အရမ်းစွမ်းအားကြီးလွန်းတယ်..လှေက ခဏတွင်း ချင်း နစ်သွားမှာကို စိုးရိမ်မိတယ်"

သူ့စကားထဲမှ ဆိုလိုရင်းအားကြားသောအခါ လော့ကျန်းချင်သည် ခေါင်းညိတ်ထောက်ခံလိုက်ပြီး

" လှေပေါ်တက်ရအောင်"

သူတို့နှစ်ယောက်သည် လေထဲသို့ လျှပ်စီးများကဲ့သို့ ထိုးတက်သွားကြသည်။မော့ချိုးသည် လှေပေါ်သို့ မြန်မြန်ဆန်ဆန်ရောက်ရှိသွားသော်လည်း လော့ကျန်းချင်မှာတော့ မထင်မှတ်ဘဲ ပြဿနာအချို့နှင့်ရင်ဆိုင်နေရလေသည်။

မီးတောက်မြစ်နှင့် ဆယ်ပေအကွာအဝေးသို့ရောက်လာသောအခါ မီးတောက်သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် လော့ကျန်းချင်ထံသို့ ဦးတည်ပြေး၀င်လာကြသည်။လော့ကျန်းချင်သည် ထို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်၏။သူသည် ရွှမ်းဖူအား ပင့်မြောက်လျက် သူ့ရှေ့ရောက်လာသော သားရဲအားလုံးအား သတ်ဖြတ်ခဲ့လေသည်။

ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ခွန်အားနှင့် လေပြင်းတိုက်ခိုက်ပြီးချိန် မီးတောက်မြစ်၏ အားနည်းနေသောအခိုက်အားပေါင်းစည်းကာ အသာစီးရခဲ့ခြင်းပေ။

လော့ကျန်းချင်သည် မြစ်နှင့်သုံးပေအကွာသို့ရောက်ရှိကာ ရွှေရောင်မီးနဂါးအားတွေ့ချိန်အထိ ထိုအကောင်များအား ဥယျာဉ်ထဲရှိ ပေါင်းပင်များကဲ့သို့ သုတ်သင်ရှင်းလင်းလာခဲ့လေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now