Chapter 25.1

910 157 7
                                    

လော့ကျန်းချင်သည် သူ့လက်ညိုးနှစ်ချောင်းအားပူး၍ အပြာရောင်ဓားအလင်းအားစုစည်းကာ သွေးနီရောင်ကြာပွတ်အား ရစ်ပတ်ထိန်းနှောင်လိုက်သည်။

"ညီနောင်မော့! မင်းဒဏ်ရာပြင်းပြင်းထန်ထန်ရထားပြီးတော့ ပြန်မကောင်းသေးဘူး။ စိတ်အေးအေးထား.. ငါတို့သွေးသစ်သီးနဲ့ပတ်သက်ပြီးအဖြေရှာလို့ရပါတယ်..ဟုတ်ပြီလား"

သို့သော်လည်း မော့ချိုးသည် သူ့စကားများအားနားမ၀င်ပေ။သူ့လက်အား ညင်သာစွာလှုပ်ယမ်း၍ ‌ကြာပွတ်ရှည်အား ပြန်လည်သိမ်းယူလိုက်သည်။သူ့လက်အားအထောက်အကူပြု၍ ကျောက်သားကုတင်ပေါ်တွင်ထိုင်လိုက်ကာ နှုတ်ခမ်းထောင့်မှသွေးများစီးကျလျက်ရှိပြီး အေးစက်စွာပြုံးလိုက်သည်။"မဟုတ်တမ်းတရား တွေပြောနေတာရပ်လိုက်တော့! ‌သွေးသစ်သီးနဲ့ မင်းနဲ့ ချည်နှောင်လိုက်ပြီးပြီဆိုမှတော့ မင်းကိုသတ်ရုံကလွဲပြီး ပြန်ရဖို့နည်းမရှိတော့ဘူး!"

သူ့စကားဆုံးသည်နှင့်ချက်ချင်း သွေးကြာပွတ်သည် လျင်မြန်စွာလှုပ်ရှားသွားပြီး လော့ကျန်းချင်ထံသို့ နောက်တစ်ကြိမ် လွဲရိုက်လိုက်ပြန်သည်။

ယခုအခါမှာ လော့ကျန်းချင်အတွက် မော့ချိုး၏သွေးနီရောင်ကြာပွတ်အား သူ့၏ပြိုင်ဘက်အဖြစ်ပထမဆုံး ရင်ဆိုင်ရခြင်းဖြစ်သည်။အထူးသဖြင့် ယခုအကြိမ်၌ မော့ချိုးသည် အနက်ရောင်မိစ္ဆာစွမ်းအားများပါထည့်သွင်းလျက် သူ့စွမ်းအားကုန်သုံးထားခြင်းဖြစ်သည်။သူ့ကြာပွတ်ရှည်သည်လေထဲတွင် များပြားလှသောသွေးနီရောင်မြွေများကဲ့သို့ မနားတမ်းလှုပ်ရှားနေကာ ကြောက်မက်ဖွယ်သွေးနီရောင်ပုံရိပ်ကြီးတစ်ခုအားဖြစ်ပေါ်စေသည်။

လော့ကျန်းချင်သည် သူ့အကာအရံအားလျှော့မချရဲပေ။ သူသည် ရွှမ်းဖူအားချက်ချင်းဆင့်ခေါ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် သူ့ရွှမ်းဖူဓားသည် သွေးနီရောင်ကြာပွတ်နှင့် ထိခတ်မိသွားကြသည်။တောက်ပသောဓားအသရေထွက်ပေါ်လာပြီး လိုဏ်ဂူအတွင်းရှိ ကျောက်တုံးများအစိတ်အစိတ်အမြွှာမြွှာကွဲကြေသွား၏။ကြာပွတ်ဝေ့ယမ်းလိုက်သည့်အရှိန်ဖြင့် ကျောက်စကျောက်နအားလုံးသည် နေရာအသီးသီးသို့လွင့်စင်သွားကြသည်။အချီပေါင်းများစွာတိုင်ခိုက်ကြပြီးနောက် မော့ချိုးမှာ တဖြည်းဖြည်း အရေးနိမ့်လာပြီး မကြာမီတွင် လော့ကျန်းချင်သည် ‌မိုးကြိုးစွမ်းအင်များလွှမ်းနှောင်ထား‌သောသူ့ဓားဖြင့် တိုက်ခိုက်လိုက်ကာ မော့ချိုး၏လည်ချောင်းအား အေးစက်ထက်ရှသောဓားသွားဖြင့် နီးကပ်စွာချိတ်ရွယ်ထားလျက် တိုက်ပွဲအားအဆုံးသတ်လိုက်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now