Chapter 12

1.2K 226 7
                                    

  ထိုသို့ပြောပြီးသည်နှင့် အားကောင်းသောဝိညာဉ်စွမ်းအားတိုက်ခိုက်မှုသည် လော့ကျန်းချင်ဆီသို့ ဦးတည်လာသည်။

  'မင်းက မိစ္ဆာပဲ'ဟူသောစကားကို ကြားသည်နှင့် လော့ကျန်းချင်၏သူငယ်အိမ်များမှာ လှုပ်ရှားသွားပြီး သိုလှောင်လက်စွပ်အတွင်းမှ ဝါးထီးကို အလိုအလျောက်တုံ့ပြန်မှုဖြင့် ချက်ချင်းထုတ်ယူလိုက်လေသည်။အရှိန်ဖြင့်တဟုန်ထိုးတိုက်ခိုက်လာသော များပြားသည့် ဝိညာဉ်စွမ်းအားများသည် ထီးအားတိုက်ခိုက်လာပြီး တမဟုတ်ချင်း ထီးလက်တံတစ်ချောင်းအား ကျိုးသွားစေ၏။

  လော့ကျန်းချင်၏ စိတ်ထဲတွင်အချက်ပေးသံများထွက်ပေါ်လာပြီး တုံ့ပြန်သည့်အနေဖြင့် ရန်သူအားတိုက်ခိုက်ရန် သူ့ဓားအား ချက်ချင်းယူထုတ်လိုက်လေသည်။

  အလင်းရောင်ကင်းမဲ့ကာ ဝိုးတိုးဝါးတားဖြင့် ဖရိုဖရဲဖြစ်နေသည့်နေရာတွင် လော့ကျန်းချင်သည် သူ့မျက်လုံးများအားမှိတ်လိုက်၍ အာရုံစိုက်နားထောင်နေပြီး ဘက်ပေါင်းစုံမှတိုက်ခိုက်လာမှုကို ရင်ဆိုင်ရန်သူ့ဓားအား မြောက်လိုက်လေသည်။ ထီးအား ရန်သူ၏ တိုက်ခိုက်မှုများအားလုံး ထိမှန်ခဲ့သော်လည်း လော့ကျန်းချင်မှာတော့ ရန်သူအားတစ်ချက်ထိရန်ပင် မဆိုထားနှင့်၊ တိုက်ခိုက်မှုအားလုံးမှာ ဗလာကျင်းနေသောလေထုကိုသာ ထိခတ်မိ၏။

  ထန်း!ထန်း!ထန်း!

  တိုက်ခိုက်မှုများသည် ပထမအကြိမ်ကဲ့သို့ ထီးလက်တံအား ချက်ချင်းမကျိုးသွားစေနိုင်တော့သော်လည်း ဆယ်ချက်အတွင်း ထီးလက်တံတစ်ခုအား ကျိုးသွားနိုင်လောက်ပေသည်။လော့ကျန်းချင်သည် ထီးအားအရမ်းတွယ်တာမနေဘူးဆိုလျှင်တောင်မှ ၎င်းသည်သိပ်မကြာခင်တွင် ပျက်စီးတော့မည်ကို သိလေသည်။မကြာခင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် နည်းနည်းနောက်ကျပြီး‌တော့မှဖြစ်ဖြစ် သူသည် တစ်ဘက်ရန်သူ၏လက်ချက်ဖြင့် သေဆုံးသွားနိုင်လောက်သည်။ဤတိုက်ခိုက်မှုများအရ ရန်သူသည် အနည်းဆုံးအနေဖြင့် ဝိညာဉ်အခြေတည်အဆင့်နောက်ဆုံးအဆင့်အား ကြာမြင့်စွာရောက်ရှိနေပြီးသူဖြစ်နိုင်‌လောက်သည်။နောက်ဆုံးအဆင့်တွင်ရောက်နေသူမှသာ ထိုကဲ့သို့ ပြီးပြည့်စုံသည့် တိုက်ခိုက်မှုမျိုးကို လုပ်နိုင်မှာပင်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now