Chapter 27.1

827 138 1
                                    

   သစ်တောထဲ၌ စိမ်းပြာရောင်ပုံရိပ်လေးသည် သည်းထန်စွာရွာသွန်းနေသောမိုးသည်းထဲတွင် တစ်ကိုယ်တည်းရပ်နေပါ၏။

  မိုးမှာသည်းကြီးမည်းကြီးရွာသွန်းနေသည်။တုန်လှုပ်ခြောက်ခြားဖွယ်မိုးကြိုးလျပ်စီးများကြောင့် လောကတစ်ခွင်လုံးတုန်ခါနေသည်။လော့ကျန်းချင်သည် ကောင်းကင်အားမော့ကြည့်လျက် ကြောက်မက်ဖွယ်ရာသီဥတုအတွင်းရပ်နေပါချေ၏။၎င်းမှာ လွန်ခဲ့သောလေးဆယ်တစ်နှစ်က ကုရွာတွင်ဖြစ်ပေါ်ခဲ့သောရာသီဥတုအခြေအနေအတိုင်းပင်။မိုးရေစက်များသည် မိုင်ထောင်ချီကောက်ကွေ့ရှည်လျား‌သော လော့မြစ်အတွင်းကျဆင်းနေခဲ့သည်။များပြားလှသောလျပ်စီးပစ်ချက်များ၏ အဆုံးသတ်မှာမရှိသကဲ့သို့ပင်။

  လော့မြစ်သည် ‌မိုးစက်များကြောင့်နောက်ကျိသွားရမည့်အစား ပိုပို၍ကြည့်လင်သန့်စင်လာသည်။

  ငါးနှင့်ပုစွန်များမှာ မြစ်အတွင်းကူးခတ်နေသည်။မြစ်၏ဘေးတစ်ဖက်စီတွင်ရှိသော တောင်စဉ်တောင်းတန်းများမှာ ရေမျက်နှာပြင်ထက်တွင် တစ်ခုနှင့်တစ်ခုသွယ်တန်းယှက်လျက်ပုံရိပ်‌ထင်နေပြီး မှုန်မှိုင်းသောကောက်ကြောင်းများမှာ မိုးရေစက်များကြား၌ ဝိုးတိုးဝါးတားဖြစ်နေချေသည်။လော့မြစ်မှာ ရှည်လျားယုံသာမဟုတ် ရေစီးငြိမ်သောမြစ်လည်းမဟုတ်ပေ။စိမ်းပြာရောင်၀တ်စုံဖြင့်ကျင့်ကြံသူသည် တောင်ထိပ်တွင်ရပ်လျက် ကျယ်ပြောသောလော့မြစ်အားကြည့်နေသည်။သို့ပေမဲ့ မြစ်၏အဆုံးသတ်အားမမြင်နိုင်ပေ။ထိုသည်မှာ ကြောက်လန့်ဖွယ်ဖြစ်နေသောအထက်မိုးကောင်းကင်ကဲ့သို့ပင် ကြီးကျယ်ခမ်းနားကာ အုတ်အော်သောင်းနင်းဖြစ်နေသည်။

  မိုးရေထဲတွင် လော့ကျန်းချင်သည် စုံတွဲတစ်တွဲ၏ အတွေးပုံရိပ်များအားတွေ့လိုက်ရသည်။

  ရွာသားများမှာ သူတို့၏ကလေးအားဘာမျှမလုပ်သော်ငြား မုန်းတီးကြကာကျိန်ဆဲကြ၏။သူတို့သည် ၀၀ကစ်ကစ်ကလေးငယ်လေးအားခြင်းတောင်းအတွင်းထည့်လိုက်ပြီး အအေးဒဏ်အားအံတုနိုင်ရန် စောင်၊ဆာလောင်မှုမရှိစေရန်အစားအစာများနှင့် မိုးရေမှကာကွယ်နိုင်ရန်အလို့ငှာ ပိတ်ထူစများလုံလောက်စွာထည့်ပေးခဲ့ပြီး နှလုံးကွဲကြေသကဲ့သို့ငိုကျွေးနေကြကာ ခြင်းတောင်းအားရေထဲချ၍ မြစ်တစ်လျှောက်မျောပါသွားသည်အားကြည့်နေခဲ့ကြသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now