Chapter 39.3

887 149 9
                                    

  လော့ကျန်းချင်သည် သူ့ပွေ့ဖက်မှုကြားထဲက ထိုသူ၏ တောင့်တင်းနေမှုအားခံစားမိသောအခါ အော်ရယ်မိလေသည်။ သူ၏စိတ်ပျက်အားလျော့မှု၊ ခါးသီးသောခံစားချက်နှင့် စိတ်ရှုပ်ထွေးမှုတို့အားလုံးမှာ လေဟာနယ်ထဲကွယ်ပျောက်သွားကြသည်။ သူသည် သူ့ရှစ်စွင်းအားဖက်ထားရာမှ ထွက်ခွါလိုက်ပြီး သူ့ရှစ်စွင်း၏ မျက်လုံးအား တည့်တည့်ကြည့်လိုက်သည်။

  ရွှမ်လင်းကျီသည် သူ့မျက်နှာအမူအရာအား သေချာပြန်လည်ပြုပြင်ထားလိုက်ပြီးဖြစ်သည်။ သူ၏အနည်းငယ်ဖြူဖျော့နေသည့် မျက်နှာအားဖယ်ထားလိုက်လျှင် သူ့ပုံမှာ လုံးဝပုံမှန်အတိုင်းပင်။

  ဆွဲဆောင်မှုရှိစွာပြုံး၍ လော့ကျန်းချင်သည် ဆိုလိုက်၏။ " ကျွန်တော်ခုနကပြောလိုက်တာကို ရှစ်စွင်း သဘောတူလား "

  ရွှမ်လင်းကျီသည် အချိန်အတော်ကြာနှုတ်ဆိတ်နေပြီးနောက် မေးလာသည်။

   " မင်းပြောတဲ့ 'စီးတယ်'....ဆိုတာ ဘာကိုပြောတာလဲ"

  လော့ကျန်းချင်၏ မျက်လုံးမှာ ပြူးကျယ်သွားပြီး ရွှမ်လင်းကျီ၏မေးခွန်းအားကြားလိုက်ရချိန်တွင် သူ၏ငွေရောင်လျှာမှာ တောင့်တင်းသွားရသည်။

  အေးစမ့်သောလေပြည်ညှင်းမှာ ဝါးရုံတောအား ဖြတ်သန်းတိုက်ခတ်လျက်ရှိသည်။ သစ်ရွက်များမှာ အချင်းချင်းပွတ်တိုက်နေကြကာ တိတ်ဆိတ်မှုအား ဖျက်လိုဖျက်ဆီးလုပ်လာကြသည်။ လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေကြသည်။ လော့ကျန်းချင်သည် မသိစိတ်အလျောက် တံတွေးမျိုချလိုက်ပြီး ဂရုတစိုက်လေသံဖြင့်မေးလာသည်။
  " အဲ့ဒီ 'စီးတယ်' ဆိုတာကို ရှစ်စွင်း တကယ်ပဲမသိတာလား ? "

  ရွှမ်လင်းကျီသည် မျက်မှောင်ရေးရေးကြုပ်လိုက်သော်လည်း မှင်သေသေမျက်နှာဖြင့်ရှိနေဆဲပင်။ သူသည် တည်ငြိမ်စွာပြန်ဖြေလာ၏ ။

    "လေ့ကျင့်ခန်းလုပ်တာမျိုးလား"

  လော့ကျန်းချင်သည် တခစ်ခစ်ရယ်လိုက်ပြီး ထပ်၍မေးလာပြန်သည်။ ခုနကလိုပဲ ရွှမ်လင်းကျီသည် စိတ်ဝင်စားမှုမရှိသည့်ပုံဖြင့် အသာအယာခေါင်းယမ်းလာပြန်သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now