Chapter 19

1.1K 180 5
                                    

  ထိုက်ဟွားတောင်သည် ရွှမ်ထျန်းတိုက်မကြီး၏ အကောင်းဆုံး ကျင့်ကြံရေးဂိုဏ်းတစ်ခုဖြစ်၏။ထုနစ်နှစ်တစ်ကြိမ် ဂိုဏ်းပေါင်းစုံပြိုင်ပွဲအား ကျင်းပလေ့ရှိသည်။

  နံပါတ်တစ်ဂိုဏ်းဖြစ်သည်နှင့်အညီ ထိုက်ဟွားတောင်‌သည် သူတို့၏ခွန်အား အားအများ‌ရှေ့ထုတ်ဖော်ပြသရန် ကြောက်ရွံ့မနေပေ။ထိုအစား လူငယ်မျိုးဆက်များထဲရှိ အားအကောင်းဆုံးတပည့်များအား သူတို့၏စွမ်းရည်ကို လွတ်လပ်စွာဖော်ထုတ်ပြသစေပြီး ထိုက်ဟွားတောင်၏ ပြိုင်ဘက်ကင်းတောက်ပသောအဆင့်အတန်းအား ပြသလေသည်။

  ပြိုင်ပွဲကျင်းပချိန်တိုင်းတွင် တိုက်မကြီးအတွင်းရှိ အားကောင်းသောကျင့်ကြံသူများတက်ရောက်ကြပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားလေ့ရှိသည်။

  သည်တစ်ကြိမ်တွင်တော့ ၎င်းသည် တောမီးပမာပျံ့နှံနေလေသည်။အင်အားစုငယ်လေးများသည် သူတို့၏ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများကို တပည့်များအားခေါင်းဆောင်ကာစေလွှတ်လိုက်ကြပြီး ဂိုဏ်းလေးဂိုဏ်း၊အဓိကမိသားစုကြီးရှစ်ခုနှင့် ကျောင်းတော်ဆယ့်ခြောက်ခုတို့သည် ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်ကျင့်ကြံသူအသီးသီးအား ဂုဏ်ပြုစကားဆိုရန် စေလွှတ်လိုက်သည်။

  ထူးချွန်တပည့်များဖြစ်ကြသော လော့ကျန်းချင်နှင့် ကျောယွင်မော့တို့သည် ဧည့်သည်များအားကြိုဆိုလက်ခံရန်အတွက် တာ၀န်ယူရသည်။ပြင်ပကျင့်ကြံသူများသည် ထိုက်ဟွားတောင်အား လှည့်လည်ကြည့်ရှုကြပြီးချိန်တွင်တော့ ဟောင်ရှင်းကျီသည် အားလုံးအားစုဝေး၍ မိစ္ဆာကျင့်ကြံသူများနှင့်တိုက်ခိုက်မည့်စစ်ပွဲအကြောင်းနှင့် လျို့ယန်တောင်ကြားအရေးတို့ကို ပြောကြားခဲ့လေသည်။

  ထိုကဲ့သို့ အရေးကြီးကိစ္စများသည် သာမန်တပည့်များ ပါ၀င်ရန်မလိုအပ်သော်လည်း လော့ကျန်းချင်သည် ခန်းမအလယ်တွင်ထိုင်နေကာ ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများနှင့် ကပ်ဘေူဒုက္ခကျော်လွန်ခြင်းအဆင့်ကျင့်ကြံသူများ ငြင်းခုံနေကြသည်ကို ဣန္ဒြေမပျက်နားထောင်လျက်ရှိသည်။ရွှမ်လင်းကျီသည် ထိုကဲ့သိုအရေးကိစ္စများတွင် ပါ၀င်လေ့မရှိသောကြောင့် သူသည် ယွီရှောင်းတောင်ထွဋ်ကိုယ်စားပြုအနေဖြင့် ထိုနေရာသို့တက်ရောက်လာခြင်းဖြစ်သည်။ထို့အပြင် မိစ္ဆာကျင့်ကြံသူများသည် ဝိညာဉ်အခြေတည်အဆင့်တွင်သာရှိကြသဖြင့် သူစိုးရိမ်နေရန်မလိုအပ်သေးပေ။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now