Chapter 28.3

1K 185 17
                                    

  သူသည်  ဂိတ်တံခါးသုံးခုအားဖျက်ဆီးလာခဲ့ပြီး ဂိတ်ပေါက်၀တွင် စောင့်ကြပ်နေသောတပည့်နှစ်ယောက်မှ သူ့အားအရိုအသေပြုလာသည်ကိုပင်မစောင့်ပဲ အလောတကြီးဖြင့် ယွီချင်းကျီ၏ဂူအတွင်းသို့၀င်သွားလေသည်။ယွီချင်းကျီသည် ဆေးလုံးများသန့်စင်နေ၏။သူ(မ)၏ ဂိုဏ်းတူမောင်လေးအားမြင်သော် အံ့အားသင့်သွားပြီးနောက် ဒဏ်ရာရနေသောလော့ကျန်းချင်အားမြင်စဉ်တွင် ပို၍ပင်အံ့ဩသွားရလေသည်။ " ဘယ်လို့ဖြစ်လို့လောက်ထိ ဒဏ်ရာရသွားရတာလဲ။ သူ့ရဲ့‌မူလဝိညာဉ်က ဒဏ်ရာရသွား‌တာလား။ ဂိုဏ်းတူမောင်လေး..သောက်ကျိုးနည်း! ..အဲ့တာမင်းရဲ့ ဓားအလင်းမဟုတ်ဘူးလား"

  ယွီချင်းကျီသည် အံ့ဩလွန်းသဖြင့်စကားတောင်မဆိုနိုင်တော့ပေ။ သူ့မျက်လုံးများမှာ ထိုဆရာတပည့်နှစ်ယောက်အား တစ်ယောက်တစ်လှည့်စီကြည့်‌ နေသည်။

  ရွှမ်လင်းကျီ၏မျက်နှာမှာ သတိလစ်‌သွားတော့မလို စာရွက်ကဲ့သို့ဖြူဖျော့နေကာ ချွေးများရွှဲနစ်နေသည်။သူသည် ကွဲအက်နေသောအသံဖြင့်"ဂိုဏ်းတူအစ်မ..ကယ်ပေး! သူ့ကိုကယ်ပေးပါ!"

  ဆယ်ရက်ကြာပြီးနောက် လော့ကျန်းချင်သည် ချင်းလန်တောင်ထွဋ်တွင်နိုးလာသည်။

  မုထျန်းရှင်းသည် သူ့အားပြုစုစောင့်ရှောက်ပေးနေခဲ့ခြင်းဖြစ်သည်။‌ နောက်ဆုံးတော့ လော့ကျန်းချင်နိုးလာသည်အားမြင်သောအခါ မုထျန်းရှင်းသည် အလွန်အမင်းပျော်ရွှင်သွားလေသည်။"ဂိုဏ်းတူအစ်ကိုကြီး နိုးလာပြီပဲ။..ဂိုဏ်းတူအစ်ကိုကြီးရဲ့ဒီတစ်ခေါက်ဒဏ်ရာက အရမ်းပြင်းတယ်လို့ရှစ်စွင်းကပြောတယ်။ အစ်ကိုကြီး ‌မူလဝိညာဉ်ကမတည်ငြိမ်သေးခင်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တာကြောင့်တဲ့‌လေ။ သေချာဂရုမစိုက်ဘူးဆိုရင် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်ကိုပြန်ကျသွားဖို့ သုံးဆယ်ရာခိုင်နှုန်းလောက်ဖြစ်နိုင်ချေရှိပြီးတော့ ဘ၀တစ်လျှောက်လုံး ဝိညာဉ်အခြေတည်အဆင့်ကိုပြန်မရောက်နိုင်ဖို့က နှစ်ဆယ်ရာခိုင်နှုန်းထိရှိတယ်။ ပြီးတော့ ဆယ်ရာခိုင်နှုန်းက......"  မုထျန်းရှင်းသည် သူ(မ)၏လက်သီးအား ခပ်တင်းတင်းဆုပ်လိုက်လေသည်။ " ရှစ်စွင်းက ဘာလို့ ဒီဒဏ်ရာတွေကြောင့်အစ်ကိုကြီး သေသွားနိုင်တယ်လို့ ပြောနိုင်ရတာလဲ! အဓိပ္ပါယ်မရှိတာ! သူ့ကို နှစ်၀က်လောက်စကားမပြောတော့ဘူး!"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now