Chapter 11

1.1K 195 5
                                    

ကျယ်‌ပြန့်သောအပျက်အစီးနယ်မြေအတွင်း တောင်တန်းများကိုမမြင်တွေ့ရဘဲ ခလုတ်ကသင်းများဖြင့် ရေမြောင်းများသာတွေ့ရသည်။

လော့ကျန်းချင်သည် ဓားအားညာလက်တွင်ဆုပ်ကိုင်ကာ ဘေးပတ်ပတ်လည်သို့ သတိကြီးစွာဖြင့် မျက်မှောင်ကြုပ်ကာကြည့်နေခဲ့သည်။မိစ္ဆာများနောက်မှနေ လိုက်လာသကဲ့သို့ သားရဲများ၏‌စူးရှ‌သောအော်သံများသည် အရပ်မျက်နှာမျိုးစုံမှ ပဲ့တင်ထပ်နေသည်။ခရမ်းရောင်ပုံရိပ်သည် ပုံရိပ်စစ်အသွင်ပြောင်းလဲလာပြီး ၎င်းမှာလျင်မြန်လွန်းရကား လော့ကျန်းချင်သည်သေချာပင် မမြင်လိုက်ရ။ သို့သော်လည်းသူသည် မိစ္ဆာသားရဲမှာကား မည်သူဖြစ်လောက်မည်ကို အကြမ်းဖျင်းတွေးထားနိုင်ပြီးဖြစ်သည်။

အဆင့်ခြောက်မိစ္ဆာသားရဲ..မြေခွေးမိစ္ဆာဝိညာဉ်!

မြေခွေးမျိုးနွယ်များသည် အများအားဖြင့် ဉာဏ်ကောင်းလေ့ရှိကြသည်။အဆင့်ငါးနှင့် အဆင့်ခြောက်မြေခွေးမိစ္ဆာများသည် လူသားတို့၏စကားအားလုံးကို အတုယူပြောဆိုနိုင်ပေသည်။

"ကိုကိုလေးရေ..ဘာလို့ဒီအစေခံကို နည်းနည်းလေးတောင်မပြုံးပြနိုင်ရတာလဲ၊ ဟင်?"

"လူသား ၊ ဘာလို့မင်းရဲ့ဓားကို ခုထိကိုင်ထားသေးတာလဲ၊ မင်းအစေခံကစိတ်ရှုပ်နေပြီလေ"

"မင်းအစေခံရဲ့စကားကို ဘာလို့မနာခံရတာလဲ? သူက မင်းကိုအသက်ချမ်းသာပေးလိမ့်မယ် "

ခေါင်းလောင်းမြည်သံကဲ့သို့ရယ်သံများသည် သူ့ဘေးပတ်လည်တွင် ပဲ့တင်ထက်လျက်ရှိနေသည်။အသံများသည် လက်နက်များကဲ့သို့ လော့ကျန်းချင်၏နားအတွင်းသို့ မညာမတာတိုး၀င်နေသည်။

"အစိမ်းရောင်ကြာပန်း ဓားချိပ်စည်း"

လော့ကျန်းချင်၏လက်များသည် လက်ဟန်အမျိုးအမျိုးပြောင်းလဲနေသည်။ရွှမ်းဖူသည် တဖြည်းဖြည်းမြင့်တက်လာပြီးနောက် ထက်ရှသော ဓားလေးလက်အသွင်ပြောင်းသွားကာ လော့ကျန်းချင်အားကာကွယ်ထား၏။ပုံစံတူဓားလေးလက် သည် လေထဲတွင်မရပ်မနားတုန်ခါနေကာ အစိမ်းရောင်အကာအကွယ်တစ်ခုဖြစ်ပေါ်လာသည်။မြေခွေးမိစ္ဆာ၏တိုက်ခိုက်မှုများသည် အကာအကွယ်ပေါ်သို့ အတင်း၀င်တိုးနေလေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now