Chapter 34.1

858 159 8
                                    

  အပျက်အစီးများနှင့်ရတနာအနည်းငယ်မှလွဲ၍ မိုင်တစ်ရာပတ်လည်အတွင်း ထိုပုဂ္ဂိုလ်နှစ်ယောက်၏တိုက်ပွဲကြောင့် အရာအားလုံးဖျက်စီးခံလိုက်ရလေသည်။မိစ္ဆာများနှင့်ကျင့်ကြံသူများမှာ အစအနမကျန်အောင် သုတ်သင်ခံလိုက်ရသည်။အဆင့်ခုနစ်အထက်မိစ္ဆာများ၏အမြုတေများနှင့် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်ထက်မြင့်‌သောကျင့်ကြံသူများ၏အရိုးများသာလျှင် ကျန်ရှိတော့သည်။

  တောင်များဖြင့်၀န်းရံထားသောထိုနေရာသည် သေမင်းတံမန်တောင်ကြားဟုခေါ်ဆိုရတော့ပေမည်။

  လော့ကျန်းချင်သည် ထိုနေရာသည်  အဆင့်ရှစ်မိစ္ဆာသားရဲများ၀င်ရောက်မလာနိုင်သောနေရာဖြစ်သဖြင့် ၀မ်ရှို့တောင်တန်းအတွင်းရှိ ခမ်းနားကြီးကျယ်လှသောနေရာတစ်ခုဖြစ်မည်မှန်းဆထားပြီးဖြစ်သည်။

  သို့သော်ထိုနေရာတွင် အဆင့်ရှစ်အထက် မိစ္ဆာအသေတစ်ကောင်ရှိနေပြီး အဆင့်ကိုး ရွှေရောင်နေမင်းကောင်းကင်လွှမ်းမိုးခြင်းနဂါးပင်ရှိနေသေး၏။

  လော့ကျန်းချင်သည် နိုးထလာပြီးနောက် သဲကျောက်ပုံအနောက်တွင် လျင်မြန်စွာပုန်းခိုလိုက်ပြီး ခပ်လှမ်းလှမ်းမှတိုက်ပွဲအား တိတ်တဆိတ်လေ့လာနေခဲ့သည်။

  အဆင့်ကိုးရွှေရောင်နေမင်းကောင်းကင်လွှမ်းမိုးခြင်းနဂါးသည် ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏စွမ်းအားနှင့် ညီမျှကာ အင်မတန်အားကြီးပေသည်။လော့ကျန်းချင်သည် အဆင့်ကိုးနတ်ဘုရားအသွင်ဆေးလုံးအား ယခင်ကတစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း သူတို့ကြားရှိလက်ရည်ညီ‌သောတိုက်ပွဲအားမြင်ပြီးသည့်အခါတွင် ထိုဆေးလုံး၏အဆင့်မှာ ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်တွင်ရှိသည်ကိုတွက်ဆနိုင်လေသည်။
 
  ကနဦးတွင် နဂါးသည် ဆေးလုံး၏လူသားအသွင်ဖြင့်တိုက်ခိုက်နေခဲ့ကာ ခဏအကြာတွင်တော့ ၎င်း၏မူလပုံစံအားထုတ်ဖော်ပြလာလေသည်။ကြီးမားရှည်လျားသောဦးချိုနှစ်ချောင်းနှင့် ခြေသည်းလေးချောင်းပါပြီး သူရိန်နေမင်းကဲ့သို့တောက်ပနေသော အကြေးခွံများဖြင့် ဖုံးအုပ်ထားလေသည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now