Chapter 8

1.3K 213 3
                                    


   ယိထျန်းဂိုဏ်း၏ ဒုတိယအကြီးအကဲသည် ချီစုစည်းခြင်းအဆင့်တပည့်အ‌ယောက်သုံးဆယ်နှင့် ချီဖြစ်တည်ခြင်းအဆင့်တပည့် ဆယ့်နှစ်ယောက်တို့အားခေါ်ဆောင်လာခဲ့ကြောင်းပြောကြားလာခဲ့သည်။ထိုက်ဟွားတောင်ထက်အရေအတွက်ပိုများသော်လည်း တစ်ကယ့်တစ်ကယ်တွင်တော့ အချင်းချင်းတိုက်ခိုက်ကြမည်ဆိုလျှင် ယိထျန်းဂိုဏ်း၏ချီဖြစ်တည်ခြင်းအဆင့်တပည့်ဆယ့်နှစ်ယောက်သည် ထိုက်ဟွားတောင်၏ ချီဖြစ်တည်ခြင်းအဆင့်တပည့်လေးယောက်အားယှဉ်နိုင်မည်မဟုတ်ပေ။

  ထိုက်ဟွားတောင်၏တပည့်လေးယောက်တွင် အသက်အကြီးဆုံး၏ ကျင့်ကြံနှစ်မှာ နှစ်ငါးဆယ်ထက်မပိုပေ။အငယ်ဆုံးဖြစ်သူမှာတော့ကျင့်ကြံသည်မှာ သုံးနှစ်တောင်မကျော်သေးချေ။ယိထျန်းဂိုဏ်းတွင်တော့ အငယ်ဆုံးသူမှာ အသက်ခြောက်ဆယ်ရှိပြီဖြစ်သည့်အပြင် သူတို့ထဲရှိတပည့်အများစုသည် ချီဖြစ်တည်ခြင်းအဆင့်သို့ရောက်ရန်လေ့ကျင့်ရာတွင် သူတို့၏အခြေခံမှာအလွန်အားနည်းလွန်းလှသဖြင့် စွမ်းအားတိုးတက်စေရန်ဆေးလုံးများအပေါ်မှီခိုကြသူများဖြစ်သည်။

   တစ်ဖက်တွင် ယိထျန်းဂိုဏ်း၌ ချီဖြစ်တည်ခြင်းအဆင့်တပည့်ဆယ့်နှစ်ယောက်ရှိသော်လည်း အလယ်အလတ်အဆင့်တွင်ရှိသူမှာ တစ်ယောက်သာလျှင်ဖြစ်ပြီး ကျန်သူများအားလုံးမှာ အစောပိုင်းအဆင့်တွင်ဖြစ်ကြ၏။

   ကျန်တစ်ဖက်တွင်တော့ ထိုက်ဟွားတောင်၏တပည့်များမှာ ချီဖြစ်တည်ခြင်းအစောပိုင်းအဆင့်တပည့်တစ်ယောက်သာရှိပြီး အလယ်အလတ်ဆင့်တပည့်က တစ်ယောက်ရှိကာ နောက်ဆုံးကျန်သည့်နှစ်ယောက်မှာတော့ ချီဖြစ်တည်ခြင်းနောက်ဆုံးအဆင့်တွင်ရှိကြသည်။

    အဆင့်မြင့်ဂိုဏ်းကြီးတွေ၏ အတွင်းရေးကိစ္စများအား သာမန်ဂိုဏ်းငယ်များမှာ နားမလည်နိုင်သောကြောင့် ယမန်နေ့က ခေါင်းဆောင်ဖြစ်သူမှာလော့ကျန်းချင်ဖြစ်ကြောင်းသိရသည်နှင့် အကြီးအကဲလျို့သည် သူ့ဂိုဏ်းအားသတင်းပို့ရန်အပြေးအလွှားပြန်လာခဲ့လေသည်။နောက်ဆုံးတော့ ယိထျန်းဂိုဏ်းသည် ဗဟိုချက်ဖြစ်တည်ခြင်းအဆင့်အစောပိုင်းတွင်ရှိသော ချောင်ဟိုင်နင်အားစေလွှတ်၍ လော့ကျန်းချင်အား ကိုယ်တိုင်ကိုယ်ကျသွားရောက်ကြိုဆိုစေခဲ့သည်။

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now