Chapter 36.5

974 153 6
                                    

  အချိန်အတော်ကြာပြီးနောက်ဆုံးတွင် ချင်ကျွင်းသည်ဆိုလာ၏။ " အကြီးအကဲရွှမ်လင်းကျီရဲ့ မူလဝိညာဉ်က တကယ်ကိုဆိုးဆိုးဝါးဝါးဒဏ်ရာရထားတယ်..ဒါပေမဲ့ ငါကဆေးလုံးသက်သက်ပဲ ဆေးလုံးကျင့်ကြံသူမဟုတ်ဘူး ၊ ဒါကြောင့် သူ့ကိုယ်ထဲမှာ ဘာဖြစ်နေလဲဆိုတာကိုအတိအကျမသိဘူး၊ သူ့ကျင့်ကြံဆင့်ကငါ့ထက်အများကြီးမြင့်တယ် 'မဟာယန'အဆင့်နဲ့ အဲ့ထက်မြင့်တဲ့သူတွေပဲ တိကျတဲ့အကြောင်းပြချက်ကိုရှာနိုင်မှာ"

  လော့ကျန်းချင်သည် ချက်ချင်းထရပ်လိုက်သည်။ " ငါ အကြီးအကဲယွီချင်းကျီကို သွားရှာလိုက်မယ်! သူက ကပ်ဘေးဒုက္ခကျော်လွန်ခြင်းအဆင့်နောက်ဆုံးမှာပဲရှိတယ်ဆိုပေမဲ့ လောကရဲ့အကောင်းဆုံးအဂ္ဂိရတ်ပညာရှင်ပဲလေ"

  သို့သော်လည်း လော့ကျန်းချင်ထွက်ခွာခါနီးတွင် မော့ချိုးမှာ သူ့အားတားလိုက်သည်။

  မော့ချိုး၏မျက်နှာမှာ အေးတိအေးစက် နှင့် ဖြူဖျော့သွားပြီး လော့ကျန်းချင်အား ရောထွေးနေသောခံစားချက်များဖြင့်ကြည့်လာသည်။ " သူ့ဆီမှာဘာဖြစ်နေလဲဆိုတာကို ငါ အဖြေရှာကြည့်ပေးနိုင်တယ်"

   မော့ချိုးသည် ရှေ့တက်လာ၏။ အချိန်ခဏကြာပြီးနောက် သူ့စိတ်ဝိညာဉ်အာရုံအားပြန်ရုတ်သိမ်းလိုက်ပြီး လော့ကျန်းချင်အားပြောလိုက်သည်။ "သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်ဖြစ်သွားတာ၊ သူ့မူလဝိညာဉ်ကဒဏ်ရာရထားပြီးသားဖြစ်နေပြီ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူက နာကျင်ရတဲ့မှတ်ဉာဏ်တွေကြောင့် ပြင်းထန်သွားရတာ ဒါကြောင့်သူ့အခြေအနေကပိုဆိုးသွားရတာပဲ ၊ တစ်ခြားသူတွေကို သွားရှာဖို့မလိုဘူး၊ ဒီကလေးက သူ့ကိုကုပေးနိုင်တယ်"

  " သေချာရဲ့လား" လော့ကျန်းချင်သည် မေးလိုက်သည်။

  ချင်ကျွင်းသည် တည်ငြိမ်စွာပြောလာသည်။ "ငါသူ့ကိုယုံတယ်၊ အခုအကြောင်းအရင်းကိုသိသွားပြီဆိုတော့ ခက်ခဲတော့မှာမဟုတ်ဘူး.. မင်းတို့တွေ အခု ထွက်သွားလို့ရပြီ ၊ သူ့ရဲ့မူလဝိညာဉ်ကိုကုသပေးဖို့ ငါ့ရဲ့ဆေးလုံးစွမ်းအင်ကို သုံးမှာ.. ဒါက နည်းနည်းတော့အချိန်ယူရလိမ့်မယ် သုံးရက် ဒါမှမဟုတ်ရင် ခုနစ်ရက်ကြာပြီးရင်တော့ သက်သာလာမှာပါ"

The Villain Has Something To Say(ဘာသာပြန်)Where stories live. Discover now