အခန်း-၂

3.6K 244 4
                                    

လူပေါင်းများစွာကို ကျော်ဖြတ်လာပြီးမှ ကိုယ်နှင့် ဘုတ်ပြားအကြားတွင် လူတစ်ယောက် ခံနေသေးသည်။ ဘီလီယံ စိတ်ရှုပ်ထွေးစွာ ထိုလူကို စောင့်နေချိန်မှာပင် အနောက်မှ လူအုပ်၏ ဝေါခနဲ အသံနှင့်အတူ သူ့ ခန္ဓာကိုယ်ကြီးက ရှေ့သို့ ယိုင်ကျသွားသည်။

"ဟာ ဟေ့ မတွန်းနဲ့လေ"

"အင့်"

အရှေ့မှ လူက သူနှင့် ဘုတ်ပြားအကြား၌ ဖားလေးတစ်ကောင်နှယ် ပိညှပ်သွားရှာသည်။ ပို၍ ကံဆိုးသည်က ဘီလီယံ၏ နှုတ်ခမ်းမှာ ထိုလူ၏ လည်ကုပ်၌ ခွာမရအောင် ပူးကပ်လိုက်မိသောကြောင့်ပင်။ အိခနဲ နစ်ဝင်လာသော နှုတ်ခမ်သား၏ အထိအတွေ့ကို ထိုလူ ခံစားမိမှာပင်။ ဘီလီယံ ပူထူသွားကာ အနောက်ဆုတ်ပြီး တောင်းပန်ရန် ပြင်ဆင်လိုက်မိသည်။

ပထမတော့ အနမ်းခံရသည့် လည်ကုပ်ပေါ်သို့ လက်ချောင်းဖြူလေးများ ဖိတင်လာပြီးမှ မျက်နှာလှည့်လာသည်။ မျက်မှန်နှင့် အစ်ကိုက ဘီလီယံထက် အသက်ကြီးသည့်ပုံပေါ်သည်။ ရုပ်ရင့်နေတာမျိုးမဟုတ်ပေမဲ့ မန်ကျည်းစေ့ရောင်ရှပ်အင်္ကျီနှင့် ပုဆိုးကို လူကြီးဆန်စွာ ဝတ်ထားပြီး ဒေါသနှင့် တည်တင်းအေးစက်သွားသော မျက်နှာပေးကြောင့် ဖြစ်သည်။ နေရောင်က စူးခနဲ ကျလာသဖြင့် ဘီလီယံ မျက်လုံးကို မှေးစင်းလိုက်ရင်း..

"ဆောရီး.. ကျွန်တော့်ကို အနောက်က တွန်းလိုက်လို့ပါ"

ထိုလူ၏ မျက်နှာကို သေချာ မမြင်ရခင် တောက်ဟူသော အသံအကျယ်ကြီး ကြားလိုက်ရ၍ ဘီလီယံ့ တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ မှေးထားသည့် မျက်လုံးများကို ကမန်းကတန်း ပြန်ဖွင့်ကြည့်တော့ ထိုလူက ဘီလီယံ့ ပုခုံးကို တွန်းတိုက်ကာ ထွက်ခွာသွားသည်။

ဘီလီယံ မကျေမလည် ဖြစ်သွားမိသည်။ ကိုယ့်ဘက်က တမင်လုပ်တာမဟုတ်သလို သူလည်း ထိခိုက်စွာ နစ်နာသွားသည့် ကိစ္စမဟုတ်။ ပြန်လည်း တောင်းပန်တာပဲ။ ဘာတွေ စိတ်ဆတ်နေမှန်းမသိ။

×××××××××××××××××××××××

"ဟင်.."

"မင်း.. "

ဘီလီယံနှင့် ထိုအစ်ကို၏ ချိတ်ဆက်မှုကို ကြည့်ပြီး ပြည်ခမ်းစိုင်က မေးသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now