အခန်း-၄၀

1.7K 147 70
                                    

"ဟေ့ရောင် ခီရာဦး lip balm တစ်ချက်ပေးအုံး"

စည်သူနှင့် ခေါင်းချင်းဆိုင်ပြီး သီချင်းနားထောင်ရာက သူ့နှုတ်ခမ်းတွေခြောက်နေသည်ဆိုကာ ခီရာဦးထံမှ နှုတ်ခမ်းအဆီ လှည့်တောင်းသည်။

"ရည်းစားရှိတဲ့ကောင်က တောင်းနေသေးတယ်"

ခီရာဦးက အမြင်ကတ်ကတ်နှင့် ရွဲ့ပြောပြီး နှုတ်ခမ်းအဆီထုတ်ကာ သူအရင်ဆိုးလိုက်သေး၏။ ပြီးမှ ဘီလီယံ့ကို ကမ်းပေးသည်။

ဘီလီယံက နှုတ်ခမ်းဆီတောင့်ကိုလှည့်ကာ မှန်မကြည့်ဘဲနှင့် ဆိုးမည် ပြင်လျှင် စည်သူက ဖျတ်ခနဲ တားလိုက်မိ၏။

"ခီရာဦးဆိုးပြီးသားကြီးလေ.. မင်းမှာ သီးသန့်တစ်ခုမပါဘူးလား"

"မပါဘူး.. အမြဲ သူ့ဆီကပဲ ငှားဆိုးတာ"

"မျက်နှာပေါ်တင်တဲ့ပစ္စည်းတွေကို ရေသုတ်တဲ့ တဘက်အစ ကိုယ်ပိုင်သီးသန့်ထားသင့်တယ်.. သူများနဲ့ ရောသုံးရင် ပိုးမွှားတွေ ကူးကုန်လိမ့်မယ်"

"ကိုစည်ကလည်း.. တိုးတိုးပြောပါ.. ကျွန်တော်တို့ တစ်ဖွဲ့လုံး ဘာပိုးမှမရှိဘူး.."

သူ့သူငယ်ချင်းကို ထိတော့မခံချင်။ ဘယ်လိုပဲ ပုခုံးဖက်ပေါင်းတယ်ပြောပြော ကျန်းမာရေးက ကျန်းမာရေးပင်။ ခင်တယ်မင်တယ်ဆိုတိုင်း အကုန်ရောထွေးနေလို့မှ မရဘဲ။

စည်သူ မကြိုက်တာကို ဂရုမစိုက်ဘဲ အဆီတွေကို သူ့နှုတ်ခမ်းမှာ ဆိုးပစ်လိုက်သည်။ သူ့ညစ်ပတ်မှုကို နှာခေါင်းရှုံ့ပြီး တစ်ဘက်သာ လှည့်နေလိုက်တော့၏။

××××××××××××××××××××××××

မန္တလေးနှင့် မော်လမြိုင်က ဆယ်နာရီကျော်သွားရတာမို့ ခရီး တစ်ထောက်နားချိန်မှာလည်း အားလုံး အကူတကွပင်။ ဘီလီယံတို့ အဖွဲ့က အရမ်းဆူညံပေမယ့် အုတ်အော်သောင်းနင်းနှင့် ခွီရတာကိုက အမှတ်တရဖြစ်စေသည်။ တစ်လမ်းလုံး ဟာသတွေပြောလိုက်၊ အချင်းချင်းစနောက်လိုက်နှင့် လူငယ်တို့၏ သဘာဝအတိုင်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ ပါးပါးခရီးဆက်ကြသည်။

စားသောက်ဆိုင်ထိုင်ကြတော့ စားချင်သမျှ မှာနေကြသော ကလေးတွေက ထမင်းချိုင့်တကားကားနှင့်စည်သူ့ကို ဘောစိကပ်စေးနှဲဟု စကြပြန်သည်။ ဈေးအလွန်ကြီးသည့် အဝေးပြေးလမ်းက ​စားသောက်ဆိုင်တွေမှာ စည်သူ့အား စိတ်ယိုင်အောင် မလုပ်နိုင်ပေ။ စည်သူနှင့် ကီးကိုက်တာကတော့ ဝေလပဲ ဖြစ်သည်။ ဝေလကလည်း ထမင်းဟင်းကြိုက်သူပီပီ ငါးဆင့်ချိုင့်နှင့် ထမင်းထုပ်လာ၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now