အခန်း-၂၃

1.7K 167 48
                                    

အိမ်ရှေ့မှာ ကားရပ်လိုက်သည်နှင့်တစ်ပြိုင်နက် စည်သူ့တစ်ကိုယ်လုံးမှာ ဘီလီယံ့ ရင်ခွင်ထဲသို့ နှစ်ဝင်သွားသည်။

"ဟာ ဘီလီယံ"

"ခဏလေးပါ.. ကိုစည်ရဲ့။ တစ်ခါမှ မဖက်ရသေးတာကို"

ထိုင်ခုံတစ်ဖက်ကနေ တစ်ဖက်ကို လှမ်းဖက်နေသဖြင့် လွတ်လွတ်လပ်လပ်မရှိဘဲ ကျဉ်းကြပ်နေသည်။ တခြားသူမြင်မည်စိုး၍ ရုန်းချင်သော်လည်း နွေးထွေးသော ဘီလီယံ့ရင်ခွင်ထဲ၌ တရားဝင် ခိုလှုံခွင့်ရှိသည်မှာ ယခုမှ ဖြစ်သည်မို့ စည်သူ ငြိမ်နေလိုက်သည်။

ဘီလီယံက မိနစ်ပိုင်းလောက်ကြာအောင် ဖက်ပြီး စည်သူ့ နားထင်ကို ပြွတ်ခနဲ နမ်းသည်။
ဘုရားတမိတော့မလို စိတ်လှုပ်ရှားမှုနှင့် စည်သူ့ နှုတ်ခမ်းများ တင်းတင်းစေ့သွား၏။

ထို့နောက် ဘီလီယံ့ရင်ဘတ်ကို အသာအယာ တွန်းထုတ်လိုက်သည်။

"ဆင်းတော့လေ.. မင်းသူငယ်ချင်းတွေ စောင့်နေမယ်မလား"

လေသံထွက်ရုံ ပြောသည့်တိုင် မျက်နှာချင်းနီးကပ်နေသော ဘီလီယံက ကောင်းကောင်းကြားသည်။

"သူငယ်ချင်းတွေကို ပြောလို့ရလား ကိုစည်"

မျက်လုံးလှန်ကြည့်ပြီး စည်သူ တွေဝေသွားသည်။ ချစ်သူဖြစ်ကြတာ မသိလျှင်တောင် ဘီလီယံ သူ့ကို သဘောကျတာကိုတော့ တစ်ကျောင်းလုံးသိနှင့်ပြီးပြီ။
ထို့ကြောင့် ချစ်သူရှိလျက်နှင့် မရှိချင်ယောင်ဆောင်ရမည့် ဘီလီယံ့အဖြစ်ကို ရင်မချိသလို သူကိုယ်တိုင်လည်း အဲ့လောက် သတ္တိမမဲ့ပါ။

ခေါင်းငြိမ့်ပြလိုက်တော့ ဘီလီယံ ပြုံးသွားသည်။

"ဆင်းရအောင်နော်"

ဘီလီယံက အရင် ကားပေါ်ကဆင်းသွားပြီး စည်သူ့ဘက်လှမ်းကာ တံခါးဖွင့်ပေးသည်။ ထို့နောက် ဘေးချင်းကပ်လျက် ခြံထဲဝင်ခဲ့ကြ၏။

ခြံထဲတွင် ဘီလီယံ့သူငယ်ချင်းများနှင့် ပြည်ခမ်းစိုင်တို့က ရောက်ရှိနေပြီဖြစ်သည်။ ကားသံကြား၍ အိမ်ထဲက ပြေးထွက်လာသည့် မီလီယံ့ ခေါင်းပေါ်မှာ ဟတ်ပီဘတ်ဒေးစာတန်းပါသည့် ဘီးကုပ်လေးကို တပ်ထား၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now