အခန်း-၃

2.7K 190 8
                                    

"ညောင်းတာကွာ.."

အခန်းထဲ လှမ်းဝင်လာသော စည်သူက အာပူလျှာပူထုပ်ကို တိုင်မှာ ချိတ်ပြီး အိပ်ရာပေါ် ဝုန်းခနဲ လှဲချလိုက်သည်။ ပြာလဲ့နေသော ခြင်ထောင်စမှာ သူ့ မျက်နှာကျက်တွင် နေရာယူထား၏။ ကုတင်ခြေရင်းက နံရံမှာတော့ သျှားညိုရောင် တယောတစ်လုံးကို ချိတ်ထားသည်။ ဒါဟာ သမိုင်းစည်သူထွန်း၏ လက္ခဏာပင်။ ရှားလော့တက္ကသိုလ်က အဆောင်ခန်းနံရံတွင် တယောတစ်လုံး ချိတ်တင်ထားပြီဆိုလျှင် ထိုအခန်းမှာ စည်သူနေကြောင်းကို အားလုံးလိုလို သိကြသည်။ 

စည်သူက ဘေးကပ်လျက်က အပြာရောင်ဖက်လုံးကို ဆွဲယူပြီး ရင်ခွင်ထဲ ပိုက်ကာ မှိန်းလိုက်သည်။

"ကိုကြီးခမ်းစိုင်ကို ပြောမလို့.. "

ဘေးကုတင်က ပထမနှစ်ကျောင်းသား ခန်နိုင်းမံ၏ စကားသံ ဖြစ်သည်။

ပြည်ခမ်းစိုင်က အိပ်ရာခင်းဆန့်ရင်း "ပြောလေ" ဟု ဖြေသည်။

"ဘီလီယံပြည့်လျှံနဲ့ ကိုကြီးက တူဝရီးတော်တာဆို"

"မင်းက ဘီလီယံနဲ့ သိတာလား"

"ဒီနေ့မှ ခင်တာ ဟဲ"

ဘီလီယံတို့ သွက်ချက်က အံ့သြလောက်သည်။ ကျောင်းတက်တာ တစ်ပတ်ကျော်ကျော်ပဲ ရှိသေးပေမဲ့ သူငယ်ချင်းက ငါးယောက်ခြောက်ယောက်လောက် စုပေါင်းဖွဲ့မိနေပြီ ဖြစ်သည်။ ဘီလီယံ၏ ဖော်ရွေတတ်သော အကျင့်မှာ စည်သူနှင့်တော့ တော်တော်ကွာခြား၏။

"ခမ်းစိုင်.. "

"ဟေ"

"ငါအာပူသောက်ချင်ပြီ ပြင်ပေးဦး"

စည်သူက လေသံလေးနှင့် ခိုင်းလိုက်ခြင်း ဖြစ်သည်။ ပြည်ခမ်းစိုင်က သာမာန်ကြုံနေကျ ကိစ္စတစ်ခုလို ခေါင်းငြိမ့်ပြပြီး မုန့်တီ ထည့်ပေး၏။ ထို့နောက် စည်သူက ကုတင်ပေါ်မှ ဆင်းလာပြီး အာပူပန်းကန်ထဲကို ငါးပိ သုံးဇွန်းလောက် ထည့်မွှေလိုက်သည်။

"ဟာ စည်သူကတော့ လုပ်ပြန်ပြီ.. အစပ်တွေ အဲ့လောက်မစားနဲ့လို့"

သမိုင်းစည်သူထွန်းက ရခိုင်ပီသစွာပင် အစပ်မပါဘဲ ခံတွင်းမမြိန်။ ခုလည်း ခမ်းစိုင်ပြောတာကို ဂရုမစိုက်ဘဲ အာပူလျှာပူစပ်စပ်ကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်စားနေသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now