အခန်း-၁၇

1.6K 159 12
                                    

တင်ခနဲ ဝင်လာသော နိုတီသံကြောင့် အိပ်ရာပေါ်က ဖုန်းကို ဖျတ်ခနဲ ဆွဲယူ ကြည့်လိုက်သည်။ ဘီလီယံပြည့်လျှံ ဆိုသော အကောင့်ဆီမှ ဝင်လာသည့် မက်ဆေ့တစ်စောင်ကို ကြည့်ရင်း စည်သူ အံ့သြမဆုံး ဖြစ်သွားသည်။
ဘီလီယံနှင့် သူက ဆိုရှယ်မီဒီယာတွင် ဖရန့် ဖြစ်သော်လည်း မက်ဆင်ဂျာမှ တစ်ဆင့် မဆက်သွယ်ခဲ့ဖူးပါ။

ဘီလီယံ ပို့ထားသည်က အပိုအလို မရှိသော “Hi...” ဆိုတာလေး ဖြစ်သည်။

စည်သူ တစ်အောင့်ကြာအောင် စဉ်းစားပြီး "အေး" ဟု ပြန်ပို့လိုက်၏။

တစ်ဖက်က စာရိုက်နေသည်။ ဘီလီယံ ပြန်ပို့မည့် စာကို ခန့်မှန်းရင်းက မျက်နှာအကြောများ တွန့်လိမ်လှုပ်ရှားနေသည်မှာ သူကိုယ်တိုင် သတိမထားမိနိုင်အောင် ဖြစ်သည်။

ဘီလီယံက စာတစ်စောင်အစား စက်ခရင်ရှော့တစ်ခု ပို့လာသည်။ ဝေ့ဗ် အက်ပလီကေးရှင်းနှင့် ငွေလွှဲထားသော ပုံထဲက လက်ခံရရှိသည့် ဖုန်းနံပါတ်ကို မြင်လိုက်ရသောအခါ စည်သူ တောက်တစ်ချက် ခေါက်မိတော့မလို စိတ်တိုသွားသည်။

"ကိုစည့် နံပါတ်ဟုတ်ရဲ့လား"

ပို့ထားသည့် ငွေပမာဏက လေးသောင်းပင်။ ဟိုတစ်နေ့က ဝက်သားတုတ်ထိုးဖိုး ပြန်ပေးသည်ကို တန်းသိလိုက်သည်။

"ဟေး နိုင်းမံ.."

စည်သူ ဘေးကုတင်က နိုင်းမံကို လှမ်းခေါ်ပြီး ဘီလီယံ့ ဖုန်းနံပါတ်ကို တောင်းလိုက်သည်။ ထို့နောက် ရှစ်သောင်းပြန်လွှဲပေးလိုက်၏။

"ကိုစည်က ဘာဖြစ်နေတာလဲ"

ဘီလီယံ မေးသည်ကို မဖြေဘဲ ငွေလွှဲစာစောင် ပို့လိုက်ရာမှ ပြန်ရောက်လာသော ရန်စကား ဖြစ်သည်။

"ဘာမှမဖြစ်ဘူးလေ"

"ကိုစည့် ပိုက်ဆံ ပြန်ယူပါ"

ဘီလီယံဆီမှ ရှစ်သောင်းပြန်ဝင်လာသည်။

"ငါ မင်းကို ဝယ်ကျွေးထားတာပဲ.. မင်းပြန်ပေးစရာမလိုဘူး"

"ငြိုငြင်မှူတွေနဲ့ ဝယ်ကျွေးတာကို ကျွန်တော် လက်မခံဘူး"

"ဘယ်သူက မင်းကို ငြိုငြင်နေလို့လဲ"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now