အခန်း-၂၈

1.7K 157 37
                                    

ဘီလီယံ ငုတ်တုတ်ထထိုင်ချိန်မှာ ပြည်ခမ်းစိုင်၏ ရင်ခွင်ထဲ ဝင်ခွင့်ရသော ဝေလက ပြောင်တိပြောင်စပ်လုပ်၍ လျှာထုတ်ပြနေသည်။

"သူငယ်ချင်း အချင်းချင်းရန်ဖြစ်တာ ပါးစပ်နဲ့ပြောမှပေါ့ကွ.. မတော် အသက်ရှုကြပ်ပြီး တစ်ခုခုဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ ဟမ်"

"ဟ ဘယ်သူကဘာဖြစ်မှာမို့လဲ.. သားတို့က ဒီတိုင်း စနေတာ"

ဘီလီယံရှင်းပြလို့ မဆုံးသေး။ ဝေလဆီက"အဟွတ်အဟွတ်" နဲ့ ချောင်းဆိုးသံ ထွက်လာသည်မို့ ချိတ်ဆွဲထားစ မျက်စောင်းကို အလျင် ပို့လိုက်မိသည်။ ကိုကြီးပြည်ခမ်းစိုင်ရှေ့မှာမို့ တမင်လုပ်ပြနေတာ မသိလျှင်ခက်မည်။

" လေးပြည့်နော်.. သူငယ်ချင်းကို အိမ်ခေါ်ပြီး အနိုင်မကျင့်ရဘူး ငါးလေးကဖြင့် မင်းအနွံတာ ဒီလောက်ခံတာ.. မင်းမရှိတဲ့အချိန် မီလီယံ့ကိုလည်း သေချာဂရုစိုက်ပေးတာကို ဘာလို့ အနိုင်ကျင့်နေတာပဲ"

"သားအနိုင်မကျင့်ပါဘူးဆို"

"သူအနိုင်ကျင့်တယ် ကိုကြီး.. ကျွန်တော် ပြည့်ပြည့်နဲ့ မနေရဲတော့ဘူး ကိုကြီးအခန်းထဲ လိုက်နေမယ်နော်"

"အေး ဝေလ မှတ်ထား မင်းကိုငါ မကြေဘူးနော်"

"မကြေရင် မီးပူတိုက် ဟေ့ကောင်"

ဘီလီယံက စိတ်ပျက်ပျက်နဲ့ ဘေးသို့လှိမ့်လာသော ရေဘူးကိုကောက်ကာ မော့သောက်လိုက်သည်။ သောက်ရင်းမှ လည်ချောင်းတလျှောက်နင့်ခနဲဖြစ်ကာ ပျို့ခနဲ အန်တက်ပြီး တောင့်တောင့်ကြီး ရပ်သွား၏။ သူ့အပြုအမူကြောင့် ပြည်ခမ်းစိုင်နှင့် ဝေလက ကြောင်ပြီး ဘာလဲဟု မေးဆတ်ပြသည်။

ဘီလီယံက ရေကို နင်းကန်မြိုချပြီး ဝေလကို လက်ယပ်ခေါ်ကာ ရေဘူးကို ငုံ့ကြည့်ခိုင်း၏။

"ရေ.. ရေထဲမှာ ဘာတွေလဲမသိဘူး"

"ငါသောက်တုန်းက အကောင်းပါ"

ဇဝေဇဝါ ဖြစ်နေရာမှ ဘီလီယံ ကမ်းပေးသော ရေဘူး၏ အဝကို မျက်လုံးတစ်ဖက်ကပ်ပြီး ဝေလ ငုံ့ကြည့်သည်။

အချိန်ကိုက်ဆိုသလိုပင် ရေဘူးပေါ်က လက်ချောင်းများကို အားကုန်ဖျစ်ညှစ်လိုက်တာမို့ ပျံသန်းလျှံတက်သွားသော ရေစီးကြောင်းဟာ ဝေလ မျက်လုံးတည့်တည့်သို့ အညှာအတာမရှိ ပက်စင်ထိုးဝင်သွား၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now