အခန်း-၃၈

1.4K 140 36
                                    

တစ်ခုသော ကျောင်းပိတ်ရက်တွင် စည်သူတို့ သမိုင်းမေဂျာမှ မြို့ထဲက သမိုင်း ပြတိုက်တစ်ခုသို့ နေ့တစ်ပိုင်း လေ့လာရေးသွားရန် အလှည့်ကျသည်။ ထိုလေ့လာရေးမှာ စည်သူတို့အတွက်မဟုတ်ဘဲ ပထမနှစ်မှ တတိယနှစ်အထိသာ ဖြစ်၏။ ဂျူနီယာတွေကို ထိန်းပေးရန် ကျောင်းမှ ထည့်ပေးလိုက်ခြင်းဖြစ်သည့်အတွက် စည်သူတို့ မဟာတန်းမှ လေးငါးယောက်မျှသာ ပါခဲ့သည်။ ခက်သည်က လေ့လာရေး သွားရန်ကြေငြာလိုက်ကတည်းက ဘီလီယံက ဖင်တကြွကြွနှင့် အတင်းလိုက်ချင်နေသည်ပင်။

သမိုင်းမေဂျာက ပြတိုက်သို့ သွားမည့်ကိစ္စဟာ အီးမေဂျာက လူနှင့် ဘာမျှမဆိုင်သဖြင့် လိုက်၍ မရပေ။ သို့သော် ဘီလီယံက သူ့အစ်ကိုနောက် လိုက်ချင်သည်ဆိုကာ ပြည်ခမ်းစိုင်ကို အကြောင်းပြ၏။ ထိုသို့ဆိုလည်း ဘီလီယံ ဘာကြောင့်လိုက်ချင်နေမှန်း သူတို့တစ်ကျောင်းလုံး သိကြပါသည်။
ထုံစံအတိုင်း ခြိမ်းမရခြောက်မရသည့် ဘီလီယံက ဆရာတွေကိုပါ ကပ်ချွဲပြီး အတင်းလိုက်ပါလာသည်။ စည်သူကတော့ သူနှင့် အတူရှိရ၍ ဝမ်းသာမိသော်လည်း ဒီခရီးတွင် သမိုင်းမေဂျာ တတိယနှစ်က သတ္တိကျော်စွာ ပါလာသဖြင့် ဘီလီယံ ပြဿနာထရှာမည်စိုးပြီး စိတ်ထဲ မအေးလှပေ။

ကျောင်းကားစီးသည့်အခါမှာလည်း ပြတိုက်အကြောင်း စိတ်ဝင်စား၍ လိုက်လာသည်မဟုတ်ဘဲ ရည်းစားကို စိတ်မချသောကြောင့်သာလျှင် လိုက်လာမိသော ဘီလီယံက စည်သူတို့ ပြောနေတာတွေကို ဘာမှနားမလည်ဘဲ စည်သူ့ဘေးက ခုံမှာ ကပ်ထိုင်လျက် ပျင်းနေရသည်။ အစီအစဉ်တွေ ရေးဆွဲကာ အလုပ်ရှုပ်နေသော စည်သူကလည်း သူ့ကို အဖော်မပြုနိုင်ပေ။ အပျော်ခရီးထွက်တာ မဟုတ်သလို စည်သူတို့က ခေါင်းဆောင်များအနေနှင့် လမ်းပြညွှန်ကြားပေးရမည်ဖြစ်၍ ဆရာများကပါ အာဏာကုန်လွှဲအပ်ထားသည်ပေ။

ပြတိုက်နေရာရောက်တော့ စည်သူတို့ အားလုံး ကားပေါ်မှ ဆင်းလိုက်ကြသည်။ ကျောင်းသားတွေအများကြီးရှိနေတာမို့ လက်ချင်းမတွဲဘဲ ဘေးက ကပ်လျှောက်ခြင်းဖြင့်သာလျှင် ဘီလီယံက နားလည်ပေးထား၍ သူ စိတ်ချမ်းသာရပါသည်။

ပြတိုက်ထဲရောက်တော့ ရှေးဟောင်းနှောင်းဖြစ် ပစ္စည်းတွေကို စီနီယာတွေက အရင်ရှင်းပြပေးပြီးမှ ဂျူနီယာတွေကို စိတ်ကြိုက်လေ့လာစေသည်။ 

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now