အခန်း-၄၉

1.1K 92 22
                                    

လက်ချောင်းသွယ်တွေက သူ့လက်မောင်းပေါ်မှာ နူးညံ့ညင်သာစွာ လျှောတိုက်ပွတ်သပ်နေသည်။ အခါများစွာ ကြုံတွေ့ပြီးသည့်တိုင်အောင် အမြဲလိုလို ဆန်းသစ်သာယာမိသော အထိအတွေ့ဟာ မိန်းမောကြည်လင်စေ၏။ အဝတ်မကပ်သော ခန္ဓာကိုယ်မှ ကိုယ်တွင်းနှလုံးသား၏ လှုပ်ခါမြည်ဟီးသံကို အသက်ရှုသံမျှင်းမျှင်းကြားက ခံစားနေရသည်။

သူ့တစ်ကိုယ်လုံး တစ်ဘက်လူရင်ခွင်ထဲနှစ်အိနေပြီး ချိုမြိန်သင်းပျံ့သောကိုယ်ရနံ့ကို ရင်အုပ်ကျယ်များမှ ရှုရှိုက်မိ၏။ ဘီလီယံ့ လက်ပြင်ကျယ်တွေက သူ့ကျောပြင်ကို နွယ်တစ်ပင်လိုရစ်ပတ်နှောင်တွယ်ထားပြီး ရင်ချင်းအပ်လျက် မော့ကြည့်မိရာက သူ့နှုတ်ခမ်းတွေ ငုံထွေးခံလိုက်ရသည်။ လွတ်မြောက်သွားချိန်မှာတော့ နားသယ်စနှင့် ပါးပြင်နှစ်ဖက်မှာ ပြင်းပြင်းထန်ထန် ပူနွေးစိုစွတ်လာ၏။

"မနက်ဖြန် မင်းဘယ်သွားအုံးမလဲ"

မျက်နှာချင်းပူးကပ်ပွတ်တိုက်ပြီး ကြောင်ပေါက်လေးလို ချွဲနွဲ့နေရာက သူ့အမေးကြောင့် မျက်လုံးမော့လှန်ကြည့်လာသည်။

"မုန့်စားပြီး ညနေလောက်ပြန်မယ်"

ဘီလီယံက စည်သူ့ နှာခေါင်းအောက်က အသားပြင်ပေါ် သူ့နှာတံလေး ပွတ်တင်ဖိဆွဲရင်း ပြန်ဖြေသည်။

"ကိုစည်လည်း အလုပ်မအားတော့ဘူးမလား"

သူ့စိတ်ကြိုက် အချိန်နှစ်ရက်ယူပြီးတာတောင် အပိုစကားပြောတတ်သေး၏။ စည်သူ နှာခေါင်းရှုံ့ပြီး သူ့ဆံပင်တွေကို ခပ်ကြမ်းကြမ်း ငုံ့နမ်းပစ်လိုက်သည်။ ထိုအခါ သူက ဖျတ်ခနဲ မော့ကြည့်ပြီး စည်သူ့ နှုတ်ခမ်းတွေကို တိုက်ခိုက်လာ၏။

အိပ်ချင်လျက်နှင့် မအိပ်ရက်သည့် ဒီလိုညတွေ ဆက်တိုက် ကြုံတွေ့ရလျှင် စည်သူ မည်မျှ စိတ်ချမ်းသာရမည်နည်း။ ဘီလီယံ့အခန်းကို မဝင်ချင်သည့် သူနှင့် သူ အခန်းလာဖို့မှ စမခေါ်လျှင် ရောက်မလာတတ်သော ဘီလီယံကြောင့် သူတို့နှစ်ယောက် နီးကပ်ကြင်နာစွာ ရှိချိန်တိုင်းမှာ ခရီးသွားချိန်များသာ ဖြစ်ခဲ့သည်။ ဒါကြောင့်ပဲ ဘီလီယံ သူ့ကို ခရီးသွားဖို့ ဂျစ်နေတာလားမပြောတတ်ပေမဲ့ သူအလုပ်ကြိုးစားနေတဲ့ရည်ရွယ်ချက်ကလည်း သူတို့နှစ်ယောက်အရင်ကထက် ပိုပြီး နီးစပ်လာစေဖို့ပဲ ဖြစ်ပါသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now