အခန်း-၅၀

1.5K 125 33
                                    

"အင်းနော်... ဒါပေမဲ့ မင်းစိတ်ဆိုးတော့လည်းဘာထူးမှာမို့လဲ... ပြည်ခမ်းစိုင်ကအရင်ကတည်းကအဲ့လိုပဲဟာ"

ဘီလီယံက မနေ့ ညနေခင်းက ကိစ္စကိုမကျေနပ်၍ စည်သူ့ကို ပြန်ပြောပြနေခြင်း ဖြစ်သည်။ သူတို့ ထိုင်နေသော ခုံတန်းနောက်က တရုတ်စကားပင်တွင် အကိုင်းအခက်တစ်ခုချင်းစီတိုင်း၌ နုဖတ်၍ ဖြူဖျော့သော ပန်းပွင့်တွေ ပြွတ်ခဲနေ၏။ ဘီလီယံက ခုံက ကျောမှီတွင် လက်တစ်ဖက်ကို တင်ထားပြီး စည်သူ့ ပုခုံးစွန်းကို သူ့လက်ဖဝါးနှင့် ဘေးတိုက်ထိထားသည်။

"မုန်းစရာကြီးပါကွာ.. ဝေလကဖြင့် သူ့မျက်နှာ တစ်ရွာထင်ပြီး သူ့ကိုပဲ အမြဲကြည့်ခဲ့ရတာ.. သူ ပြန်မကြိုက်ရင် ဘာဖြစ်လို့ ပိုက်ဆံအိတ်ထဲမှာ ဝေလပုံကို ထည့်ထားသေးလဲ"

"သူအဆင်သင့်မဖြစ်သေးလို့များလား.. ဒါပေမဲ့ သူဝန်မခံချင်တာကို မင်းအတင်းသွားလုပ်လို့မှမရတာ ဘီလီယံရဲ့"

"ကျွန်တော် မလုပ်ပါဘူး.. အဲဒါကြောင့်ပဲ သူ့ကိုကူလိမ်ပေးလိုက်တာ.. ဒါပေမဲ့ စိတ်ထဲတစ်မျိုးပဲ ဝေလကိုမြင်တိုင်းအားနာတယ်.. နောက်ကျောမလုံဘူး"

ဖြုတ်ခနဲ ကြွေကျလာသည့် တရုတ်စကားပန်းတစ်ပွင့်ကို လက်ဖဝါးမြှောက် ခံယူလိုက်ရင်း ဘီလီယံက ရင်ဖွင့်သည်။

"ဝေလကရော သူ့ကို မမေ့နိုင်သေးဘူးလား"

စည်သူ့မေးခွန်းကိုမဖြေသေးဘဲ လက်ထဲက ပန်းပွင့်လေးကို စည်သူ့နားရွက်ကြား ထိုးညှပ်လာသည်။

"ဘယ်မေ့နိုင်မလဲ.. သူ ကိုကြီးကိုချစ်တာက ချောလို့လှလို့ ရိုးရိုး crush တာမဟုတ်ဘူး ရင်ဘတ်ကြီးနဲ့ကို ရင်းပြီးချစ်တာ"

"အောင်မယ်.. မင်းကိုသူကအဲ့လိုပြောတာလား"

"အဲ့လိုတော့မပြောပါဘူး.. ဒါပေမဲ့ သူချစ်တာ အဲ့လိုပုံမှန်း ကျွန်တော်တို့အားလုံးသိကြတယ်လေ.. ကိုစည့် သူငယ်ချင်းကသာ မရေမရာ လုပ်နေတာ"

နားရွက်ပေါ်က ပန်းပွင့်၏ ပွင့်ဖတ်လေးတွေကို မထိတထိ ပွတ်သပ်နေရာက စည်သူ့ ပါးပြင်ကို ဖျတ်ခနဲ တို့ရင်း ဘီလီယံက ဆက်ပြောသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now