အခန်း-၉

1.7K 154 3
                                    

မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ စီနီယာ များက ဦးဆောင်ကျင်းပပေးထားသည့် အားလျော်စွာ စည်ကားသိုက်မြိုက်စွာဖြင့် အလွန် ပျော်ရွှင်ဖွယ်ကောင်းခဲ့သည်။

စီနီယာမမယုယနှင့် ပြည်ခမ်းစိုင်က အနောင်ဇာလုပ်ပြီး ပွဲအစီအစဉ်များကို ကြေငြာပေးချိန်ကတည်းက ဘီလီယံတို့အဖွဲ့မှာ ခြေမငြိမ်တော့ဘဲ ယွစိထိုးနေတော့သည်။ စည်သူကတော့ သူတို့ကိုကြည့်ရင်း ထုံးစံအတိုင်း မျက်စေ့နောက်နေလေသည်။

ဘီလီယံတို့အဖွဲ့ဟာ အစဉ်အမြဲ စိတ်အားထက်သန်စွာနှင့် တက်ကြွ၍ နေသည်။

ရွှေပြည့်စုံတို့ ညီအစ်မမှာ ပွဲအဝင်ဝက ဘုတ်ပြား ရှေ့တွင် စီတန်းရပ်၍ ဟန်ရေးပြကာ ဓာတ်ပုံရိုက်နေကြသည်ကို မြင်လျှင် ဘီလီယံနှင့် ဝေလက နှုတ်ဆက်ဖို့ ထသွားသည်။

"ရွှေရွှေ.."

ရွေပြည့်စုံက ဝမ်းသာမှုများ လျှံတက်သွားသော အပြုံးကလေးနှင့်..

"ဟယ် ပြည့်ပြည့်ပါလား.. နင်တို့ ဘာစာရင်းပေးထားကြလဲ"

"ငါက ဂစ်တာတီးမှာ.. ဝေလကတော့ ဝါးတီးပဲ"

ဘီလီယံက ခပ်ပြုံးပြုံးပြောရင်း ရွှေပြည့်စုံဘေးက မျက်နှာစိမ်းကောင်မလေးကို မေးတစ်ချက်ဆတ်ကာ..

"သူငယ်ချင်းလား မိတ်ဆက်ပေးဦးလေ"

သူတို့ အဖွဲ့ထဲ၌ မိန်းကလေးတစ်ယောက်ကို တွေ့လျှင် ထိုသို့ လုပ်တတ်သည်မှာ ဘီလီယံနှင့် ခန်နိုင်းမံသာ ရှိသော်ညား တစ်ဦးစီ၏ ရည်ရွယ်ချက်ကတော့ မတူညီလှပေ။ ခန်နိုင်းမံက ကောင်မလေး ချောချောလှလှများနှင့် အီချင်ကြိုက်ချင်သည်။ ဘီလီယံကတော့ ကောင်မလေးတင်မဟုတ်ဘဲ တက္ကသိုလ်မြေပေါ်က သူနှင့် မသိသည့် ကျောင်းသားလူစိမ်းဆိုလျှင်ကို ခင်ချင်နေတာ ဖြစ်သည်။

ယခုလည်း ရိုးရိုးသားသားပြောလိုက်သည်ကို တစ်ဘက်ကောင်မလေးကတော့ ရှက်သွေးဖြန်းသွားဟန် တူသည်။

"သူက အာခီက နှင်းမူဖြိုး.. နှင်း ဒါက"

"ဘီလီယံပြည့်လျှံမလား.. ဒီလောက် နာမည်ကြီးတာကို သိပါတယ်"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now