အခန်း-၃၂

1.7K 146 46
                                    

တစ်ဖက်မှ ဂွပ်ခနဲ ဖုန်းကိုင်လိုက်သောအခါ ပြတင်းပေါက်ဘောင်ကို ကျော်၍ လယ်ကွင်းများဆီ ရစ်သီနေသော တွေဝေငေးမောမှုများက တိခနဲ အဆုံးသတ်သွားသည်။

"ဟယ်လို"

ချိုလင်ကြည်မြသော အသံက ဝေလ နှလုံးသားထဲထိ စိမ့်ဝင်ပျံ့နှံ့သွားသည်။ သူ့ ရင်မှာ စက်နိုးလိုက်သော ဆိုင်ကယ်တစ်စီးကဲ့သို့ အရှိန်ယူအားတင်လိုက်ပြီးနောက် မြေနီလမ်းများပေါ်၌ စတင်မောင်းနှင်သွားသလိုမျိုး စည်းချက်ညီစွာ လှုပ်ရှားလာခဲ့၏။

"ကို.. ကြီး"

သူ့ဘေးနား ရှိနေသလို တိုးတိုးကလေး ပြောလိုက်မိသည်။

"ငါးလေးလား"

နာမည်မပြောရဘဲ ရိပ်မိခြင်းအတွက် ဝမ်းသာ၍ မဆုံးနိုင်ခင်မှာပဲ သူ့မျက်လုံးက မျက်ရည်များနှင့် ဝေဝါးသွားတော့သည်။ ဘီလီယံတို့သာ သိလျှင် အကဲပိုလိုက်သည့် ဖြစ်ခြင်းဟု အစခံရမှာ ကျိန်းသေ၏။

"ဟုတ်"

"ဖုန်းနံပါတ်လဲထားတာလား"

"မ.. မဟုတ်ဘူး.. ကျွန်တော့်ဖုန်းကို ညီလေးက ယူပြီး ဂိမ်းဆော့နေလို့"

"ဪ ငါးလေးရဲ့ ညီလေးက ဘယ်နှနှစ်လဲ"

"ခြောက်နှစ်ဗျ.. သူက သူငယ်တန်းတက်နေတာ"

"ငယ်လှချည်လားကွ.. ဒါဆို ငါးလေးက ရွာမှာ ကိုကိုကြီးပေါ့လေ ဟုတ်လား"

ရယ်သံစွက်၍ ပြောလိုက်သော ကိုကြီး စကားမှာ နှုတ်ခမ်းကိုက်မိသွားသဖြင့် သွားစွယ်လေးတစ်ဖက်က နှုတ်ခမ်းအပြင် ဖောက်ထွက်လာသည်။

"ဟုတ်တယ် ကိုကြီး.. ပြီးတော့ ရွာမှာ ကျွန်တော်က စတားပဲဗျ သိလား"

"အံမယ် လုပ်စမ်းပါဦး"

"ကျွန်တော်တို့ ရွာက နည်းနည်းခေါင်တော့ ခေတ်ပညာတတ် သိပ်မရှိဘူး.. အမြင့်ဆုံး ပညာအရည်အချင်းဆို ဆယ်တန်းအောင်ရုံလောက်ပဲဗျာ။ အဲ့တော့ တက္ကသိုလ်ကျောင်းသားကြီး ကျွန်တော်က ရွာကိုပြန်တိုင်း အမြဲမျက်နှာပွင့်ရတာပေါ့"

"အဲ့ဒီတက္ကသိုလ်ကျောင်းသားကြီးကို ရွာမှာ စောင့်နေတဲ့ ငယ်ကျွမ်းဆွေလေးတွေလည်း ရှိမပေါ့နော်"

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now