အခန်း-၅၈

1.1K 142 19
                                    

အိမ်ထောင်ဦးစီးကောင်း ပီသသော ကိုစည်က မနက်ငါးနာရီမှာ အိပ်ရာထပြီး ခြံထဲက သဇင်ပန်းတွေရေလောင်း၊ အိမ်အလုပ်တွေ သိမ်းကြုံးလုပ်ကာ ရပ်ကွက်ဈေးသို့ သွားသည်။ ဘီလီယံ နိုးလျှင်စားဖို့ မနက်စာထမင်းကြော်သည့်အပြင် တစ်နေ့စာဟင်းကိုပါချက်ထားလိုက်၏။

ရှစ်နာရီမှာ ဘီလီယံ နိုးလာတော့ တစ်အိမ်လုံး သူတစ်ယောက်တည်း ဖြစ်နေသည်။ ရေချိုးခန်းထဲ ဝင်ပြီး ကိုစည် သွားတိုက်ဆေးထည့်ပေးထားသည့် သွားတိုက်တံနှင့်သွားတိုက်ကာ သပ်သပ်ခွဲပေးထားသော တဘက်နှင့် မျက်နှာ မသုတ်ဘဲ ကိုစည့်အနံ့လေးရချင်၍ သူ့တဘက်နှင့်ပဲ ခပ်ပြောင်ပြောင် သုတ်လိုက်၏။ ကိုစည်က ဘီလီယံ့အတွက် မနက်စာပြင်ထားပြီး ထမင်းချိုင့်ထည့်ချင်လျှင် ထည့်လို့ရအောင် ဟင်းတွေပြင်ပေးသွားသည်။

ထမင်းကြော်ပူပူနွေးနွေးနှင့် ကိုစည်ဖျော်ပေးထားသည့် ကော်ဖီကိုသောက်ရင်း ဘီလီယံ ငိုင်နေ၏။ သူ နိုးထချင်သည့် မနက်ခင်းက ဒီလိုမှ မဟုတ်ဘဲ။

နောက်နေ့ကျရင်တော့ သူလည်း အိပ်ရာစောထမည်ဟု သူ့စိတ်ကိုဖြေသိမ့်နေရသည်။

ကိုစည်ချက်ထားသည့်ဟင်းတွေမှာ ဘီလီယံကြိုက်သည့် ဝက်သားနှပ်၊ နွားနို့ခဲချက်နှင့် ကန်စွန်းရွက်အစပ်ကြော်ဖြစ်သည်။ ပုံမှန် ကန်တင်းမှာပဲ စားတတ်သည်ဆိုပေမဲ့ ကိုစည်ကလည်း သူချက်ထားတာကို စားစေချင်မှာပဲမို့ စားပွဲပေါ်မှာ အဆင်သင့်ပြင်ပေးထားသည့် အပူခံချိုင့်လေးနှင့် ဘီလီယံ ထမင်းချိုင့်ထုပ်လိုက်၏။

ရေခဲသေတ္တာဖွင့်ကြည့်တော့ ဘီလီယံအတွက် သားရေစာ မုန့်ထုပ်တွေနှင့် ကော်ဖီဗူးလေးပါလုပ်ပေးထားသည်ကို တွေ့ရသည်။ အစစအရာရာပြီးပြည့်စုံစွာ ပြင်ဆင်ပေးထားသည်ကို ထုပ်ပိုးပြီး ကျောင်းသွားမည်ပြင်ချိန်မှာပဲ ဖုန်းဝင်လာ၏။

<ဟယ်လို ကိုစည်..>

<မောနင်း.. ဘီလီယံ ကျောင်းသွားတော့မှာလား>

< ခုပဲသွားတော့မလို့ >

< ရေခဲသေတ္တာထဲက မုန့်ယူသွားအုံးနော်.. ကုတင်ဘေးက စားပွဲရဲ့ အံဆွဲထဲမှာ မုန့်ဖိုးထည့်ပေးထားတယ်.. >

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now