အခန်း-၄၈

1.5K 148 51
                                    

မြေနံ့သာဆောင်အပေါ်ထပ်က အဆောင်ခန်းထဲတွင် ကတ်ကြေးသံတချွင်ချွင်နှင့် မုန့်ဝါးသံ တကျွတ်ကျွတ်က သံစုံတီးဝိုင်းလို ဆူညံနေသည်။

ခီရာဦးက သူလက်စွမ်းပြထားသော ဝေလခေါင်းပေါ်က အုန်းမှုတ်ခွက်ကေလေးကို ကြည့်ပြီး မိန့်မိန့်ကြီး ပြုံးချလိုက်သည်။

"လှသွားပြီ"

"ဘာမှမလှဘူး uke ရုပ်နဲ့"

ဝေလက ကုတင်ပေါ်မှာ မုန့်စားနေသော ဘီလီယံကို နီးစပ်ရာ ဖော့တုံးနှင့် ကောက်ပေါက်လိုက်တော့မှ ရှောင်ကွင်းပြီး ရယ်နေ၏။

"ဟကောင် ငါတကယ် အုကဲရုပ်ဖြစ်သွားတာလား"

"မတူပါဘူး.. ပြည့်ပြည့် မင်းလျှောက်ပြောမနေနဲ့"

ဘီလီယံက လျှာတစ်လစ်ထုတ်ပြပြီး ပြတင်းပေါက်ဆီကို အကြည့်လွှဲလိုက်သည်။ ထိုစဉ် သူ့ဘေးက ခန်နိုင်းမံက လက်ထဲက မုန့်ထုပ်ကို လာနှိုက်စား၏။ ထိုအခါမှ သတိရသွားသည့်ဟန်ဖြင့် လှည့်မေးလိုက်ရသည်။

"မင်း ဒီနေ့ဓာတ်ပုံရိုက်ရမှာဆို"

ခန်နိုင်းမံက ရှုတ်မဲ့လျက်။

"ခဏနေမှ သွားမှာ.. ငါပြောပြအုံးမယ်.. ဒီနေ့ ရိုက်ရမှာကလေ shirtless တဲ့"

ခန်နိုင်းမံက ဆယ်လီတစ်ယောက်ဖြစ်သည့်အပြင် တစ်ကျောင်းလုံး၏ King လည်းဖြစ်တာမို့ အချို့သော ထုတ်ကုန်များက သူတို့၏ ကြော်ငြာများတွင် တစ်စိတ်တစ်ပိုင်းပါဝင်ပေးရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။ မော်ဒယ်အလုပ်ကို ဝါသနာမပါပေမဲ့ မုန့်ဖိုးရပြီး အပျင်းပြေတာမို့ နှစ်လမှာ တစ်ခါတော့ ဝင်လုပ်ဖြစ်နေသည်။ ဒါပေမဲ့ ဒီတစ်ခေါက်ကြော်ငြာမှာ စိတ်ပါပုံမရဘဲ ငြီးငြီးညူညူ ဖြစ်နေ၏။
အကြောင်းမှာ ကြော်ငြာသည် ခန်နိုင်းမံ၏ စိတ်မလုံခြုံခြင်းနှင့် သက်ဆိုင်နေ၏။ ဘောင်းဘီပုံစံအမျိုးမျိုးထုတ်လုပ်သည့် ကုမ္ပဏီသည် ရှားလော့တက္ကသိုလ်၏ ခန့်ညားချောမောသော ကင်း ခန်နိုင်းမံနှင့် ရိုက်ခွင့်ရပြီဆိုကတည်းက ခန္ဓာကိုယ်အောက်ပိုင်းရှိ ဘောင်းဘီ၏ အလှကို ပေါ်လွင်စေရန် အပေါ်ပိုင်းဗလာနှင့် ရိုက်ကူးရန် စီစဉ်ထားခဲ့သည်။ ခန်နိုင်းမံက ထိုအချက်ကို သတိလက်လွတ်ဖြစ်သွားသည်က တစ်ကြောင်း၊ ကုမ္ပဏီပိုင်ရှင်နှင့် တခြားထုတ်ကုန်များတွင် အလုပ်တွဲလုပ်ဖူးသည့် ခင်မင်မှုရှိသည်က တစ်ကြောင်းနှင့် အလုပ်လက်ခံပြီးမှ သိလိုက်ရခြင်းဖြစ်သည်။ ကုမ္ပဏီဘက်ကလည်း ခန္ဓာကိုယ်အချိုးအစား လှပကြံ့ခိုင်သည့်ဆယ်ကျော်သက်မော်ဒယ်တစ်ယောက်အနေဖြင့် အင်္ကျီချွတ်ရိုက်ရသည်ကို ပြဿနာမရှိဟု ထင်ထားခဲ့သော်လည်း ခန်နိုင်းမံမှာက စိတ်ဒဏ်ရာရှိနေသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now