အခန်း-၄

2K 171 1
                                    

စည်သူက ဘီလီယံ့ကို ဘာမှမပြောဘဲ အိမ်ထဲဝင်မည်ပြုသောအခါ ဘီလီယံက သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲ ဖမ်းဆွဲလိုက်သည်။

"ဘာလဲ"

သူကလည်း ဆတ်ခနဲပင် တုံ့ပြန်မှု မြန်သည်။ ဘီလီယံက သူ့ မျက်လုံးများကို ငေးစိုက်ကာ ကြည့်ရင်း..

"ကိုစည့် မျက်လုံးမှာ မှဲ့လေးရှိတယ်" ဟု ပြောသည်။ သူ့ ပြောပုံက ကျောင်းသားတစ်ယောက်၏ အဖြေလွှာတွင် အမှတ်များများ ရရှိကြောင်းကို ဖွင့်ထုတ်ပြောလိုက်သည့် ဆရာတစ်ယောက်၏ ကျေနပ်မှုမျိုးနှင့် ဖြစ်သည်။

စည်သူက မျက်ခုံးပင့်လိုက်ရင်း.. "ခုမှ သိတာလား" ဟု ပြန်ချေပလိုက်သည်။

"ဟုတ်တယ်.. အရင်ခေါက်တွေတုန်းက ကိုစည့် မျက်နှာကို သေချာ သတိမထားမိဘူး"

ဘီလီယံ ခပ်တွေးတွေး ပြောတော့ စည်သူ မျက်နှာပျက်သွားသည်။ သမိုင်းစည်သူထွန်းမှာ တစ်ခါတွေ့ပြီးလျှင် မေ့ပျောက်သွားနိုင်သည့် သာမာန်ကျသော ရုပ်ရည်မျိုး မရှိပါ။ သူ့ မျက်နှာက သတိထားမိလောက်အောင် ထူးခြားသည်။ ပါးချိုင့်ခွက်တွေ၊ သွားတက်သွားစွယ်တွေ ပါမနေဘဲ ရိုးရှင်းနေတာကိုက ထူးခြားနေတာ ဖြစ်သည်။

ထို့ပြင် စည်သူက သူတို့ အဖွဲ့ထဲမှာ အရပ်အရှည်ဆုံးနှင့် အချောဆုံးဟု ပြောစမှတ်ပြုရမည်။ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေခြင်းကြောင့်သာ သူများတွေလောက် ပေါ်ပြူလာ မဖြစ်တာပင်။ ဒီလို စည်သူ၏ ဘယ်ဘက်မျက်လုံးမှ မှဲ့နက်လေးမှာ အဖြူရောင်မျက်သားတွင် ခပ်မည်းမည်းနှင့် ထင်ရှားလှသဖြင့် သေချာ ကြည့်မိသူတိုင်း တွေ့မြင်နိုင်သည်။ ထို့ကြောင့် သူ့စိတ်အတွင်းမှာ ဘီလီယံက သူ့ မျက်နှာသည် ထူးခြားမှု တစ်ခုတလေမျှ သတိထားမိလောက်အောင် ထင်းလင်းနေခြင်း မရှိဟု သွယ်ဝိုက် ဖဲ့ရွဲ့လိုက်ကြောင်း ခံစားမိသည်။

"ခုတွေ့ပြီဆိုတော့လည်း မှတ်ထားလိုက်ပေါ့ကွာ"

ခပ်ရွဲ့ရွဲ့ပြောပြီး လက်ကို ဖယ်ထုတ်ကာ လှည့်ထွက်ခဲ့လိုက်သည်။ အနောက်မှာ ဘီလီယံ ဘယ်လိုကျန်ခဲ့မလဲ သူမသိ။ စိတ်လည်း မဝင်စားပေ။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now