အခန်း-၂၀

1.7K 160 37
                                    

"ဘာသီချင်းတွေနားထောင်နေတာလဲ ငါ့လဲပြ"

ဘီလီယံ့ ear phone ကို လှမ်းယူလိုက်သည့် ဝေလလက်မှာ လမ်းတစ်ဝက်တင် ပုတ်ချခံလိုက်ရသည်။

"ဘာမှမဟုတ်ဘူး"

"ဘာကိုဘာမှမဟုတ်ရမှာလဲ.. ဘာမှမဟုတ်ရင် ပြရမှာပေါ့ ပြစမ်း"

ဝေလက ပြေးထွက်သွားသည့် ဘီလီယံ့ခါးကို ဇက်ခနဲ လှမ်းဆွဲကာ နားကြပ်ကို ဆွဲဖြုတ်လိုက်သည်။

"ဟေ့ကောင်.. ပြန်ပေးလို့"

ပြုံးစစနှင့် နားရွက်မှာ ဖိတပ်လိုက်သည့် ခဏ ဝေလ မျက်လုံးများ ပြဲလန်ကုန်သည်။

"ဘယ်သူ့ရယ်သံကြီးလဲ"

Ear phone ထဲမှာ ယောက်ျားတစ်ယောက်၏ ရယ်သံတစ်ခုတည်းကိုသာ အပြန်ပြန်အလှန်လှန် repeat လုပ်ထားပြီး ဘာမှမပါသည့် ထိုအရာကိုပဲ ဘီလီယံ နားထောင်နေခြင်း ဖြစ်၏။

ဘီလီယံ့ မျက်နှာက ဖြူတစ်လှည့်၊ နီတစ်လှည့်ဖြစ်နေပြီး နှုတ်ခမ်းများကို တင်းတင်းစေ့ထားသည်။

"ဘယ်သူ့ရယ်သံလဲလို့"

"ငါ.. ငါကြိုက်နေတဲ့ ကောင်လေး"

ပထမတော့ ဝေလမှာ အံ့သြမှင်တက်သွားသော်လည်း ဘီလီယံ ပြောခဲ့တာကို သတိရ၍ တွေးဆဆနှင့် ငြိမ်ကျသွားသည်။

"ကောင်လေးလား.. မှန်းစမ်း ထပ်နားထောင်ကြည့်ရအောင်"

ဘီလီယံက သူ့နားကြပ်ကို လျှင်မြန်စွာ ဆွဲသိမ်းလိုက်ပြီး..

"တော်ပြီကွာ နားမထောင်နဲ့တော့"

"ဘာလို့လဲ.. ဘယ်သူလဲ သိချင်တယ်"

"ငါ ခဏနေ မိုင်ဒေးတင်မှာ။ အဲ့ကျမှ မင်းနားထောင်"

"ဘာရယ် မင်းက မိုင်ဒေးတင်ဦးမယ်.. ဘယ်လိုလုပ်ဖြစ်မှာလဲ"

ဘီလီယံက ဘာကိုမှ ဂရုမစိုက်သည့် မျက်နှာပေးနှင့် သွေးအေးအေးကြည့်သည်။

"ဘာလို့ မဖြစ်ရမှာလဲ.. သူက သူများရည်းစားမဟုတ်ဘူး"

"မင်းရည်းစားလည်း မဟုတ်ဘူးမလား"

ဘီလီယံက လက်ညိုးကို ကွေးညွှတ်၍ သူ့နှာခေါင်းထိပ်လေးမှာ ပင့်တင်ရင်း ပြန်မဖြေနိုင် ဖြစ်သွားသည်။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now