အခန်း-၂၉

1.7K 153 43
                                    

"လေးပြည့်"

ခေါ်သံကြောင့် ခြေလှမ်းမရပ်ဘဲ လှမ်းကြည့်လိုက်တော့ ရှပ်အင်္ကျီအဝါနှင့် ပုဆိုးအညိုရောင်ဝတ်ထားသော ပြည်ခမ်းစိုင်က သူ့ဘေး ပြေးကပ်လာသည်။

"ဘယ်က ပြန်လာတာလဲ"

မျက်နှာကို တစ်ဖက်လွှဲပြီး တမင် မဖြေဘဲနေလိုက်ရာ ပြည်ခမ်းစိုင်က ထပ်မေးလာသည်။

"ကိုကြီးမေးနေတယ်လေ လေးပြည့်"

ဘီလီယံက လျစ်လျှူရှုထားလျက် သူ့လမ်းသူ ဆက်လျှောက်နေသဖြင့် ပြည်ခမ်းစိုင်မှာ မနေနိုင်တော့ဘဲ သူ့ ပုခုံးမှ ဆွဲလှည့်မေးလိုက်၏။

"လူကြီးက မေးရင် ပြန်ဖြေရတယ်လေ "

ဘီလီယံက ပြည်ခမ်းစိုင်ကို မျက်မှောင်ကုပ်လျက် တစ်ချက် စိုက်ကြည့်သည်။ ထို့နောက် မေးဖျားကို အသာ လွှဲသွားပြီး..

"ခု ကိုကြီးကို မခေါ်တော့ မကြိုက်ဘူးမလား"

ရုတ်တရက်မို့ ဘာကို ဦးတည်မှန်း နားမလည်။

"အဲ့သလို ကိုစည်ကလည်း ကိုကြီး သူ့ကို မခေါ်တာကို စိတ်ညစ်မှာပဲ"

ဘီလီယံ့စကားအဆုံးမှာ ပြည်ခမ်းစိုင်၏ နှုတ်မှ ဘာခနဲ အသံထွက်သွားသည်။ လတ်စသတ်တော့ ဘီလီယံဟာ ပြည်ခမ်းစိုင်က သူ့ရည်းစားကို မခေါ်သဖြင့် မကျေနပ်ကာ လျစ်လျူရှုပြနေခြင်း ဖြစ်၏။ ကောင်းသည်။ သိပ်ကောင်းသည်။ တစ်ယောက်တည်း ရှိသည့် ညီလေးမို့ ဒီအစ်ကိုက ယုယုယယနဲ့ တန်ဖိုးတထား ချစ်လိုက်ရတာတွေက သူ့ရည်းစားကို မခေါ်လိုက်တာနှင့်ပဲ အကျုံးမဝင်တော့သလို ဘောင်ပြင်ရောက်သွားသည်။

အတွေးနှင့် ပြည်ခမ်းစိုင်က နှုတ်ခမ်းကို မဲ့ပစ်သည်။

"မင်းရည်းစားကို မခေါ်တော့ ဘာဖြစ်လဲ"

ဘီလီယံက ခါးနှစ်ဖက်မှာ လက်ထောက်ပြီး ခပ်မတ်မတ် ရပ်လိုက်သည်။
"ကိုစည့်ကို ပစ်ပယ်တဲ့လူမှန်သမျှကို ကျွန်တော်ကလည်း ခေါ်ပြောဖို့ အစီအစဉ်မရှိဘူး"

နှစ်ဦးသဘောတူ မခေါ်ကြသည့် ကိစ္စမှာ ပြည်ခမ်းစိုင်ကပဲ သူ့ရည်းစားကို ပစ်ပယ်သည် ဖြစ်ရသေး​၏။

ရှားလော့မှ နဂ္ဂတစ်များWhere stories live. Discover now